ရန်ကင်း ဒီဇင်ဘာ ၁၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် အခြေခံပညာကျောင်းများ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ၊ အားကစားပွဲများ ပြုလုပ်ဆောင်ရွက်မည့် အစီ အစဉ်များနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းရည်မွန်နှင့် သွားရောက်တွေ့ဆုံမေးမြန်း ခဲ့သည်။
မေး။ ဆရာမကြီးမင်္ဂလာပါရှင်။ ၂၀၂၂ခု နှစ် ဇန်နဝါရီလ(၄)ရက်နေ့မှာ ကျရောက်မယ့် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ရန်ကင်းမြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာ ကျောင်းတွေမှာ ဘယ်လိုမျိုး အစီအစဉ်လေးတွေ ဆောင်ရွက်ထားပါသလဲရှင်။
ဖြေ။ ဆရာမကြီးတို့ ရန်ကင်းမြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းက ကျောင်းအုပ်ကြီး တွေကို မြို့နယ်၊ ခရိုင်၊ တိုင်းပြိုင်ပွဲတွေရှိပါတယ်။ ကျောင်းအဆင့်ယှဉ်ပြိုင်ပြီး ကျောင်းအလိုက် ပထမရတဲ့ ကလေးတွေကို မြို့နယ်အဆင့် ဆက်ပြီးယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
မေး။ ဟုတ်ကဲ့ပါရှင်။ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်မယ့် အတန်းတွေနဲ့ ဘယ်လိုခေါင်းစဉ်တွေနဲ့ ယှဉ်ပြိုင်မှာပါလဲရှင်။
ဖြေ။ ဆရာမကြီးကတော့ အထက်တန်းအဆင့် (Gread9/G10/G11) ကို စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ အလယ်တန်းအဆင့်ကို စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ အလယ်တန်းအဆင့် ပိုစတာပြိုင်ပွဲ၊ မူလတန်းအထက်ဆင့် ပန်းချီပြိုင်ပွဲတွေ ကျင်းပပေးသွားမှာဖြစ်ပါတယ်။ ပိုစတာ ပြိုင်ပွဲနဲ့ ပန်ချီပြိုင်ပွဲမှာဆိုရင် အရွယ်အစား သတ်မှတ်ပေးထားပါတယ်။ ပြိုင်တဲ့အခါမှာ ခေါင်းစဉ် မတပ်ရဘူး ဘောင်မခတ်ရပါဘူး၊ ပိုစတာပန်ချီအနောက်ဖက်မှာ အမည်၊ အတန်း၊ ကျောင်း၊ မြို့နယ်ရေးရမှာဖြစ်ပါတယ်။ ကြိုက်နှစ်သက်ရာဆေးဖြင့် အချိန် ၂ နာရီပေးထားပါ တယ်။ ကျန်တဲ့ စာစီစာကုံး၊ ကဗျာပြိုင်ပွဲကတော့ အချိန် ၁ နာရီခွဲပေးထားပါတယ်။
မေး။ ပြိုင်ပွဲတွေ ယှဉ်ပြိုင်တဲ့အခါမှာ ခေါင်းစဉ်သတ်မှတ် ပေးထားတာမျိုးတွေရှိပါသလားရှင်။
ဖြေ။ သတ်မှပေးထားပါတယ်။ အထက်တန်းအဆင့် (G9/G10/G11)စာစီစာကုံးပြိုင်ပွဲမှာ လွတ်လပ်ရေးနှင့် အမျိုးသားရေးခေါင်းစဉ်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲမှာ စည်းလုံး ခြင်းနှင့် လွတ်လပ်ရေးခေါင်းစဉ်၊ အလယ်တန်းအဆင့် ပိုစတာပြိုင်ပွဲမှာ စုပေါင်းညီညာ အောင်ကြောင်းဖြာ ခေါင်းစဉ်၊ မူလတန်းအထက်ဆင့် ပန်းချီပြိုင်ပွဲမှာ စည်းလုံးခြင်းသည် အင်အား ခေါင်းစဉ်တွေနဲ့ပြုလုပ်ခဲ့တာပါ။
မေး။ ကျောင်းအားလုံး ပါဝင်ယှဉ်ပြိုင်ရမှာပါလားရှင်။
ဖြေ။ ကျောင်းအားလုံး မဖြစ်မနေ ပါဝင်ယှဉ်ပြိုင်ရမည်လို့တော့ မဟုတ်ပါဘူး၊ ကျောင်းသားများ တဲ့ကျောင်းတွေကတော့ ယှဉ်ပြိုင်ရမှာပါ။ ကျောင်းသားနည်းတဲ့ ကျောင်းတွေကတော့ ခွင့်ပြုပေး ထားပါတယ်။
မေး။ မြို့နယ်အဆင့် ပထမရတဲ့ကလေးတွေကို ဘယ်လိုမျိုးဆက်ပြီး ယှဉ်ပြိုင်ရမှာပါလဲရှင်။
ဖြေ။ ဆရာမကြီးတို့က မြို့နယ်အဆင့် ပထမရတဲ့ကလေးတွေကို ခရိုင်အဆင့်ကို (၂၁-၁၂-၂၀၂၁) မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲ့ဒီကမှ ပထမရရှိသူတွေကို (၂၃-၁၂-၂၀၂၁) ရက်နေ့မှာ တိုင်းအဆင့် ဆက်လက်ယှဉ်ပြိုင်ရမှာပါ။ မြို့နယ်အဆင့် ဆုရကလေးတွေကိုလည်း မနက်ဖြန်မှာ ကြေညာ ပေးသွားမှာပါ။
မေး။ အားကစားပွဲတွေလုပ်သွားဖို့ အစီအစဉ်ရှိပါသလားရှင်။
ဖြေ။ ရှိပါတယ်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ အားကစားပွဲတော်တွေ ကျင်းပပေး သွားမှာပါ။ ထုတ်စီးထိုး၊ ပြေးပွဲပြိုင်ပွဲ၊ အာလူးကောက် စသည်ဖြင့် အားကစားနည်းမျိုးစုံ ကျင်းပပြုလုပ်ပေးမှာပါ။ ဆုရတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုတော့ လွတ်လပ်ရေးနေ့မှာ ဆုများချီးမြှင့်ပေးသွားမှာပါ။
မေး။ ယခုလိုကလေးတွေအတွက် ပြိုင်ပွဲတွေ အားကစားပွဲတွေ ပြုလုပ်ရခြင်း အပေါ်ဆရာမကြီး အနေနဲ့ ရင်တွင်းစကားလေး မျှဝေပေးပါအုံးရှင်။
ဖြေ။ ဟုတ်ကဲ့ပါ၊ ဆရာမကြီးတို့ ကျောင်းတွေ ကျန်းမာရေးအခြေအနေကြောင့် မဖွင့်နိုင်တာ (၂)နှစ်နီးပါးရှိခဲ့ပါပြီ၊ အခုလိုကျောင်းတွေပြန်ဖွင့်ပြီး ကျောင်းသား၊ ကျောင်းသူတွေ အေးအေး ချမ်းချမ်း ပညာသင်ယူနေတာအတွက်လည်း ဝမ်းသာမိပါတယ်။ အခုလို လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့တွေမှာ ပြိုင်ပွဲတွေ ကျင်းပရခြင်းအားဖြင့်လည်း ကျောင်းသား၊ ကျောင်းသူတွေ ဗဟုသုတတွေရတဲ့အပြင် ယှဉ်ပြိုင်ချင်စိတ်တွေရှိလာတယ်၊ အမှတ်တရ နေ့လေးတွေဖြစ်လာတဲ့ အတွက် အခုလိုမျိုး ကျင်းပရခြင်းဖြစ်ပါတယ်။
အခုလိုမျိုးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။
လှလှထွေး(ပြန်/ဆက်)