ဓနုဖြူ ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး Community Centre ခန်းမတွင် ယနေ့နံနက် (၁၀)နာရီ (၃၀)မိနစ်အချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံ ကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ စာအုပ်ပြပွဲတွင် အထ.က(၂)ရွှေကူမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား ပြသခဲ့ရာ နံရံကပ်စာစောင်တွင် လွတ်လပ်ရေး သစ္စာအဓိဋ္ဌာန် (၉)ချက်၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းအကျဉ်း လွတ်လပ် ရေး၏ အဓိပ္ပါယ်၊ လွတ်ရေးနေ့ကဗျာများ၊ မိန့်ဆိုမှာကြားချက်များ၊ ဆောင်ပုဒ်များ၊ ဓါတ်ပုံများလွတ်လပ်ရေးနှင့် ပတ်သက် သည့် အကြောင်းအရာပြသခြင်းနှင့် စာအုပ်ပြပွဲတွင် သုတ/ရသစာအုပ်များ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)