ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကောင်းနေတဲ့ကံကို မဆိုးပါစေနဲ့ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပန်းတနော်   ဒီဇင်ဘာ   ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်ရေးသားသည့် ကောင်းနေတဲ့ကံကို မဆိုးပါစေနဲ့ ) စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာခိုင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းဥက္ကဋ္ဌဦးစစ်ယုန်က ကောင်းနေတဲ့ကံကို မဆိုးပါစေနဲ့ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြောကြားခဲ့ကာ (Woman Club) အသင်းဥက္ကဋ္ဌ ဒေါ်ခင်တိုးမွန်နှင့် အဖွဲ့ဝင်များက မကောင်းမှုမှာ မွေ့လျော်တဲ့သူများနဲ့၊ ခေတ်ဆိုတာပြောင်းတဲ့သဘာဝရှိပါတယ်၊ အောင်မြင်ချင်တဲ့သူဟာ မိမိကိုယ်ကိုတန်းဖိုးထားတတ်ရမယ်၊ ကြီးပွားတိုတက်ချင်ရင် မှန်ကန်တဲ့အလုပ် ကိုမှန်မှန်လုပ်ပါ စသည့် အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့ ကြောင်းသိရသည်။

မြို့နယ်(ပြန်/ ဆက်)