သတင်းများ

ဒေးဒရဲမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိ
Aug 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၁-ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို           နံနက် ၉ နာရီခွဲမှစတင်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိ သူများက ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းကုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Aug 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်၌ ယနေ့နံနက် ၈ နာရီအချိန်မှ စတင်၍ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂)ဦးတင်မောင်နှင့် အဖွဲ့ဝင်(၃) ဦးမျိုးဝင်းရှိန်တို့က လိုက်လံကြည့်ရှ အားပေးခဲ့ကြသည်။
ဒက္ခိဏခရိုင်မီးသတ်ဦးစီးမှူးရုံးမှ ပေါင်းလောင်းချောင်းအတွင်း စက်လှေမောင်းသင်တန်း ဖွင့်လှစ် 
Aug 26,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူးရုံးမှ စက်လှေမောင်းသင်တန်း ဖွင့်လှစ်ခြင်းကို ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာရှိ ပေါင်းလောင်းချောင်းအတွင်း၌ ယနေ့နံနက်ပိုင်းမှ စတင်ကာ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ထားဝယ်မြို့တွင်အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက်အလှူငွေပေးအပ်ပွဲနှင့်ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပွဲအခမ်းအနားကျင်းပ
Aug 26,2021
အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက်အလှူငွေပေးအပ်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်၉နာရီ၃၀မိနစ်အချိန်က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ကျင်းပသည်။
သံဖြူဇရပ်မြို့နယ်တွင် အသက် (၆၅)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Aug 26,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်အတွင်း အသက်(၆၅) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီ ကသံဖြူဇရပ်မြို့နယ်အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁) ပညာ့ဗိမာန်ခန်းမ၌ ဆောင်ရွက်ပေးကြောင်း သိရသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး ဗွီနိုင်းများကို ပြည်သူများသိရှိနိုင်စေရန် နံရံကပ်ပြဘုတ်များဖြင့် အသိပညာပေး ပြသဆောင်ရွက်
Aug 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးနှင့် မြို့နယ်ရုံးများရှိ မြေစိုက်နံရံကပ်ပြဘုတ်များတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး ဗွီနိုင်းများကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က အများပြည်သူ သိရှိနိုင်စေရန် အသိပညာပေး ပြသဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားများအား  ပင်စင်လစာငွေများ ဆက်လက် ထုတ်ပေး
Aug 26,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့  မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားများအတွက် ပင်စင်လစာများကို သြဂုတ်လ ၂၃ ရက်နေ့ နံနက်(၇)နာရီအချိန်ခန့်မှ စတင်၍ ထုတ်ပေးလျက်ရှိသည်။
ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Oxygen၊ Flow meter နှင့် PPE ဝတ်စုံတို့အား ထီးချိုင့်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပေးအပ်လှူဒါန်း
Aug 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ယနေ့နံနက် (၉)နာရီအချိန် မြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Oxygen၊ Flow meter နှင့် PPE ဝတ်စုံတို့အား ထီးချိုင့်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။