ဇမ္ဗူသီရိ ဩဂုတ် ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူးရုံးမှ စက်လှေမောင်းသင်တန်း ဖွင့်လှစ်ခြင်းကို ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာရှိ ပေါင်းလောင်းချောင်းအတွင်း၌ ယနေ့နံနက်ပိုင်းမှ စတင်ကာ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရေဘေး အန္တရာယ် ကျရောက်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် စက်လှေမောင်းနှင်ရာတွင် အန္တရာယ်ကင်းစွာဖြင့် စနစ်တကျ မောင်းနှင်တတ်စေရန် ရည်ရွယ်၍ သင်တန်းပြုလုပ်ရခြင်းဖြစ်ကာ နေပြည်တော် မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးလှိုင်ဝင်းအောင် ကြီးကြပ်မှုဖြစ် ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းမင်းထိုက်မှ သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းချက်များအား ပြောကြားပြီး စက်လှေမောင်း လေ့ကျင့်ရေးသင်တန်းကို ဒက္ခိဏခရိုင်အတွင်းရှိ မြို့နယ်မီးသတ် ဦးစီးဌာနများမှ သင်တန်းသား မီးသတ်တပ်ဖွဲ့ဝင် (၂၃) ဦးအား ဩဂုတ်လ (၂၆) ရက်နေ့မှ ဩဂုတ်လ(၂၇ ) ရက်နေ့အထိ လက်တွေ့လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။