ဒေးဒရဲ ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၁-ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို နံနက် ၉ နာရီခွဲမှစတင်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိ သူများက ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု (၉၂)အုပ်စုရှိ လယ်မြေဧက (၇၆၈၅၉)အတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင်(၁၅၀၀၀၀)ကျပ်နှုန်းဖြင့် ကျပ်သန်း ပေါင်း (၁၁၀၁၄၈၀၀၀)ကို ထုတ်ချေးပေးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ထိ လယ်မြေဧက (၃၄၉၃)အတွက် ငွေကျပ် (၅၂၃၉၅၀၀၀၀)ကို ထုတ်ချေးပြီးစီးကြောင်းနှင့် ကျန်ရှိသည့် လယ်မြေဧကများအတွက် ဆက်လက်ထုတ် ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း