ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး ဗွီနိုင်းများကို ပြည်သူများသိရှိနိုင်စေရန် နံရံကပ်ပြဘုတ်များဖြင့် အသိပညာပေး ပြသဆောင်ရွက်

ရန်ကုန် ဩဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးနှင့် မြို့နယ်ရုံးများရှိ မြေစိုက်နံရံကပ်ပြဘုတ်များတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး ဗွီနိုင်းများကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က အများပြည်သူ သိရှိနိုင်စေရန် အသိပညာပေး ပြသဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

ထိုသို့ ပြသဆောင်ရွက်ထားရှိသည့် အသိပညာပေး ဗွီနိုင်းများတွင် နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေရန် နည်းလမ်းများ၊ ဆောင်ရန် ရှောင်ရန်များ၊ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ အများပြည်သူသို့ ပန်ကြားသော ပန်ကြားချက်များနှင့် ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ အစရှိသဖြင့် ပြည်သူများ ကျန်းမာရေး အသိပညာပေး သိရှိနိုင်စေရန် ရည်ရွယ်၍ ပြသထားကြောင်း သိရသည်။

ထို့အပြင် မြို့နယ်များအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး ကြေညာချက်များကိုလည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီတို့ ပူးပေါင်း၍ ရပ်ကွက်များအတွင်း၊ စျေးများအတွင်း အသံချဲ့စက်များဖြင့် လိုက်လံ၍ နှိုးဆော်အသိပေး ကြေညာခြင်းများ ဆောင်ရွက်ခြင်း၊ လမ်းဆုံများ၊ အများပြည်သူ ထင်သာမြင်သာရှိသည့် နေရာများတွင်လည်း ကျန်းမာရေးဆိုင်ရာအသိပေး၊ သတိပေးစာသားများ ပါရှိသည့် ကျန်းမာရေးအသိ ပညာပေးဆိုင်း ဘုတ်များ ချိတ်ဆွဲတပ်ဆင်ခြင်းများ အစရှိသဖြင့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြရန် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စန္ဒာမိုး