ထီးချိုင့် ဩဂုတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ယနေ့နံနက် (၉)နာရီအချိန် မြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Oxygen၊ Flow meter နှင့် PPE ဝတ်စုံတို့အား ထီးချိုင့်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့်အဖွဲ့ဝင်များမှ Oxygen 40 Lအိုး (၂၅)လုံး၊ Flow meter (၁၀)စုံနှင့် PPE (၁၀၀)ဝတ်စုံတို့ကို ပေးအပ်လှူဒါန်းရာ ထီးချိုင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှူး ဒေါက်တာမျိုးမြင့်ကျော်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး အဆိုပါကျန်းမာရေးဦးစီးဌာနမှ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရပါသည်။
ရဲလင်းထွန်း (ထီးချိုင့် )