ချောင်းဆုံတွင် ရော်ဘာအစေးလှီးခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းသင်တန်းဖွင့်လှစ်
Aug 26,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ရော်ဘာစိုက်ပျိုးသည့် ခြံရှင်များနှင့် ရော်ဘာအစေးလှီးသူ များ စနစ်တကျ အစေးခြစ်ခြင်းစနစ်များ မှန်ကန်စွာ အသုံးပြုနိုင်ရန်နှင့် ရေရှည်တည်တံ့သော ရော်ဘာ စိုက်ပျိုးထုတ်လုပ်နိုင်ရန် သဘာဝပတ်ဝန်းကျင် မပျက်စီးစေဘဲအလုပ်အကိုင်အခွင့် အလမ်းများရရှိရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီက ကုလားဘီကျေးရွာ ဝါးလက်မှု လုပ်ငန်း ထုတ်လုပ်သည့် အလုပ်ရုံတွင် ရော်ဘာအစေးလှီးခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်း သင်တန်း ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။