ရှမ်းပြည်နယ်ဝန်ကြီးချုပ် မက်မန်းခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်တွေ့ဆုံ ဒေသဖွံ့ဖြိုးရေးရှင်းလင်းပြောကြား
Aug 26,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ် (အရှေ့)ပိုင်း သို့ရောက်ရှိရာ လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် မိုင်းပျဉ်း-မက်မန်း လမ်းအား လမ်းဦးစီးဌာနမှတာဝန်ရှိသူ တစ်ဦးက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များဖြည့်စွက် မှာကြားကာ မက်မန်းမြို့ရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံ ၍ အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။