နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားများအား  ပင်စင်လစာငွေများ ဆက်လက် ထုတ်ပေး

နတ်မောက်   သြဂုတ်    ၂၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့  မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားများအတွက် ပင်စင်လစာများကို သြဂုတ်လ   ၂၃ ရက်နေ့ နံနက်(၇)နာရီအချိန်ခန့်မှ စတင်၍ ထုတ်ပေးလျက်ရှိသည်။         

အဆိုပါ ပင်စင်ထုတ်ပေးရာတွင်  သြဂုတ်လ ၂၃ ရက် နေ့မှ ၃၀ ရက်နေ့အထိ နတ်မောက်မြို့နယ် အတွင်းရှိရပ်ကွက်/ ကျေးရွာများမှ ပင်စင်စားများအား‌ နေ့စဉ်နံနက် ၇  နာရီမှ ညနေ ၃ နာရီ အထိ ထုတ်ပေးလျက်ရှိပြီး ယနေ့အထိ နတ်မောက်မြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူသူ (၁၆၀၀) ဦးခန့်ရှိကြောင်း  သိရသည်။          

ယင်းသို့ပင်စင်လစာများ ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စနစ်တကျရှိစေရန် သုံးပေအကွာစည်းများ ပြုလုပ်‌ပေးထားခြင်း၊ လက်ဆေးဘေစင်များ  ပြုလုပ်ထားခြင်းများကို နတ်မောက်မြို့နယ် မြန်မာ့စီးပွား‌ရေးဘဏ်မှ စီမံဆောင်ရွက်ထားလျက်ရှိသည်။ ကျန်ရှိနေသော အငြိမ်းစားဝန်ထမ်းများကိုလည်း ဘဏ်ဖွင့်ရက်များတွင် အဆင်ပြေချောမွေ့စွာ ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။