သတင်းများ

မိုင်းကိုင်မြို့နယ်အတွင်း Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရေး ကြိုတင်ညှိနှိုင်းဆောင်ရွက်
Aug 26,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို  ဒုတိယ အကြိမ်အဖြစ်  ထပ်မံထိုးနှံပေးနိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်စိုးဦးက  ယနေ့နေ့လည်ပိုင်း၌  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန နှင့် ပညာရေးဌာနမှ တာဝန်ရှိသူများအား တွေ့ဆုံညှိနှိုင်းခဲ့သည်။
မုံရွာမြို့နယ်တွင်ပထမအကြိမ်ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေး‌(Sinopharm)အားလုံးထိုးနှံပြီးစီး
Aug 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင်ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)  အားလုံး ထိုးနှံပြီးစီးကြောင်း မုံရွာမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါတုံ့ပြန်ရေး ကော်မတီထံမှ သိရ သည်။ မုံရွာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ယခုလ(၃)ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ပြီး  ကျန်ရှိနေသည့်  ဆေးအားလုံးကို  ယနေ့နောက်ဆုံးအဖြစ်  တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနခန်းမ၊ တိုင်းအား ကစားကွင်းရှိ မိုးလုံလေလုံခန်းမနှင့် ဖူဆယ်ဘော်လုံးကွင်းတို့တွင် ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
သာစည်မြို့နယ်တွင် လူမှုဖူလုံရေးအာမခံအလုပ်သမားများအား ကိုဗစ်-၁၉ ကာကွယ်ဆေးပထမအကြိမ်စတင်ထိုးနှံ
Aug 26,2021
 မန္တလေးတိုင်းဒေသကြီး   သာစည်မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့်  စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံအလုပ်သမားများအားကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပေးသွားမည်ဖြစ်ရာ ယနေ့နံနက် ၈ နာရီခွဲက သာစည်မြို့နယ်လှိုင်းတက်ကျေးရွာရှိ တပ်မတော် မိုးရေကာဖျင်စက်ရုံနှင့် တပ်မတော်ဖိနပ်စက်ရုံတို့မှ အလုပ်သမားများအားအဆိုပါစက်ရုံရှိ ဗန္ဓုလ ခန်းမ၌ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးကြောင်းသိရသည်။
မြိတ်မြို့နယ်ရှိ စက်ရုံအလုပ်ရုံများအား Stay at Home ကာလ စည်ကမ်းချက်များနှင့်အညီ လိုက်နာမှုရှိစေရေး စိစစ်ကြပ်မတ် ဆောင်ရွက်
Aug 26,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ပေါ်ရှိ စက်ရုံအလုပ်ရုံများအား Stay at Home ကာလအတွင်း စက်ရုံများတွင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာမှုရှိစေရေးအတွက် ယမန်နေ့မှစတင်ကာ ဌာနဆိုင်ရာ တာဝန်ရှိသူများက မြိတ်စက်မှုဇုံရှိ စက်ရုံအလုပ်ရုံများအား ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက် လျက်ရှိသည်။
ကျောက်တော်မြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများအား ဘုန်းတော်ကြီးကျောင်းများသို့ ဆက်ကပ်လှူဒါန်း
Aug 26,2021
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများအား ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှလှူဒါန်းသော ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ ဌာနဆိုင်ရာများမှ ယနေ့ နံနက် ၈ နာရီအချိန်ခန့်က သွားရောက်လှူန်းခဲ့ကြောင်း သိရသည်။
မြိုင်မြို့နယ်၌ ၂၀၂၁ခုနှစ် မိုးသီးနှံချေးငွေများထုတ်ချေးပေးလျက်ရှိ
Aug 26,2021
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်တွင် ၂၀၂၁-ခုနှစ် မိုးသီးနှံချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မြိုင်မှကိုဗစ်-၁၉ညွှန်ကြားချက်များနှင့်အညီ ထုတ်ချေးလျက်ရှိသည်။
မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သည့် အကောင်းဆုံးဆေးရုံဆုများ ချီးမြှင့်ပေးအပ်
Aug 26,2021
မွန်ပြည်နယ် ကုသရေးဦးစီးဌာနလက်အောက်ရှိ မြို့နယ်ဆေးရုံအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း လူနာများအားကာကွယ်၊ ကုသရေးလုပ်ငန်းများအပြင် ပုံမှန် ဆေးရုံလုပ်ငန်းများကိုလည်း အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လတို့၌ ဆေးရုံလုပ်ငန်းများ အကောင်းဆုံး ဆောင်ရွက်ပေးနိုင်သည့် ဆေးရုံဆုများကို ရွေးချယ်ချီးမြှင့်ပေးသည်။
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စက်ရုံများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Aug 26,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ( ၈:၃၀ ) နာရီမှ စတင်ပြီး သုံးတောင်ကျေးရွာရှိ Burst Transmission Co.,LTD ( မှန်ဘီလူးစက်ရုံ ) ၌ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။