မိုင်းကိုင် ဩဂုတ် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဒုတိယ အကြိမ်အဖြစ် ထပ်မံထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်စိုးဦးက ယနေ့နေ့လည်ပိုင်း၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန နှင့် ပညာရေးဌာနမှ တာဝန်ရှိသူများအား တွေ့ဆုံညှိနှိုင်းခဲ့သည်။
မိုင်းကိုင်မြို့နယ်အတွင်းတွင် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ကို ဇူလိုင်လ ၃၁ ရက်နေ့ မှ ဩဂုတ်လ ၃ ရက်နေ့အထိ အသက် ၆၅ နှစ်နှင့်အထက် ဘိုးဘွားများ၊ ရဟန်းသံဃာတော်နှင့် သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ ဈေးသည် များ၊ စားသောက်ဆိုင် များ၊ လူအများနှင့် ထိတွေ့ဆက်ဆံရသူများအား စတင်ထိုးနှံပေးခဲ့ပြီး အဆိုပါ ထိုးနှံပြီး သူများကို ဒုတိယအကြိမ်အဖြစ် ကာကွယ်ဆေးထပ်မံထိုးနှံနိုင်ရေး ၊ ကာကွယ်ဆေးထိုးစုရပ်နေရာများ သတ်မှတ်ခြင်း၊ ကာကွယ်ဆေးထိုးနှံသည့်နေရာတွင် လူစုလူဝေး မဖြစ်စေရန်၊ ဆေးထိုးနှံရမည့်သူများအား သတ်မှတ်နေ့ရက် အချိန်အလိုက် လာရောက်ထိုးနှံနိုင်ရေး ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင် ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)