မုံရွာ ဩဂုတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင်ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) အားလုံး ထိုးနှံပြီးစီးကြောင်း မုံရွာမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါတုံ့ပြန်ရေး ကော်မတီထံမှ သိရ သည်။ မုံရွာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ယခုလ(၃)ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသည့် ဆေးအားလုံးကို ယနေ့နောက်ဆုံးအဖြစ် တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနခန်းမ၊ တိုင်းအား ကစားကွင်းရှိ မိုးလုံလေလုံခန်းမနှင့် ဖူဆယ်ဘော်လုံးကွင်းတို့တွင် ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ အသက်(၁၈)နှစ် ပြည့်ပြီး ရဟန်းသံဃာများနှင့် သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပုဂ္ဂလိကကျန်းမာရေး/ဘဏ် ဝန်ထမ်းများ၊ စက်မှု လက်မှု လုပ်ငန်းရှင်နှင့် အလုပ်သမားများ၊ ဟိုတယ်၊မိုတယ်၊ တည်းခိုခန်းလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်းများမှလုပ်ငန်း ရှင်နှင့် အလုပ်သမားများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ကြီးကြပ်မှုအောက်ရှိဈေးသူဈေးသားများ၊ လူမှုကူညီရေး အသင်း အဖွဲ့များမှ အသင်းသူအသင်းသားများနှင့် ကျေးရွာစုစုပေါင်း(၁၇)ရွာတို့မှ ပြည်သူများအား ဦးတည်အုပ်စု အလိုက် ကာကယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်ကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လူမှုကူညီ ရေးအသင်း အဖွဲ့များက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး မုံရွာမြို့နယ်တွင် ယခုလ(၃)ရက်မှ ယနေ့အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ထိုးပြီးသူ စုစုပေါင်း(၁၂၅၀၈)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ထိန်လင်း-မုံရွာ