သတင်းများ

စေတုတ္တရာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုပါးစပ် နှာခေါင်းစည်း(Mask)များ ပြည်သူများလက်ဝယ် အရောက် အခမဲ့ဖြန့်ဝေ
Aug 27,2021
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု လျော့နည်းပ ပျောက်စေရန်နှင့်ထိရောက်စွာကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမနေ့က မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ကျေးရွာများသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့နယ်တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁၅) ဦးရှိ
Aug 27,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ယမန်နေ့ ညနေပိုင်းအချိန်ထိ ရပ်စောက် ပြည်သူ့ဆေးရုံကြီးနှင့် ပင်ဖြစ်တိုက်နယ်ဆေးရုံတို့တွင် နေမကောင်းဖျားနာပြီး သံသယ ရှိသူများကို ရောဂါပိုးရှိ/မရှိစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာ (၂၂)ဦးထပ်မံတွေ့ရှိရပြီး ဆေးရုံဆင်းခွင့်ရသူ(၁၅)ဦးနှင့် သေဆုံးသူ(၁)ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး ကော်မတီမှသိရသည်။
ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် (၁၂) ဦး ထပ်မံတွေ့ရှိ၊ (၁၃)ဦး ပြန်လည်ကျန်းမာလာ
Aug 27,2021
ဟားခါးမြို့တွင် ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် (၁၂) ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်ရောဂါဖြင့် ဆေးကုသမှုခံယူနေသူများအနက် (၁၃)ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
မကွေးမြို့တွင် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာကာကွယ်နိုင်ရေး Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ညောင်ကန်ကျေးရွာနှင့်ညောင်ပင်ကျေးရွာရှိ ဒေသခံပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေး
Aug 27,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီက Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကျေးရွာနေ ပြည်သူများအား ကျေးရွာအရောက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ ယနေ့ မွန်းလွဲ (၃)နာရီအချိန်က မကွေးမြို့နယ် ညောင်ကန်ကျေးရွာနှင့်ညောင်ပင်ကျေးရွာရှိ ဒေသခံ ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လုပ်ငန်းများ အရှိန်အဟုန် မပျက် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 27,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ဌာန ဆိုင်ရာများ ပေါင်းစပ်၍ လုပ်ငန်းများအရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၁နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ လူမှုဖူလုံရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် အာမခံလုပ် သားများအား ဒုတိယနေ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံ
Aug 27,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ လူမှုဖူလုံရေးဦးစီးဌာနတွင် မှတ်ပုံတင် ထားသည့် အာမခံလုပ်သားများအား ယမန်နေ့တွင် ဒုတိယမြောက်နေ့အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်က ပြောကြားသည်။
ပခုက္ကူမြို့နယ်တွင် စေတနာ့ဝန်ထမ်း(၆၉)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 27,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများမှ စေတနာ့ ဝန်ထမ်း (၆၉)ဦးအား  ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁) ခန်းမ၌ ဒုတိယအကြိမ် ထိုးနှံပေးသည်။
မိုင်းဖြတ်၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလလုပ်ငန်းများအတွက်အလှူငွေများ ပေးအပ်လှူဒါန်း
Aug 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိုင်းဖြတ်လူမှုရေးကူညီမှု အသင်းသို့ အလှူငွေပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉နာရီအချိန်ခန့်က မိုင်းဖြတ်လူမှုရေးကူညီမှု အသင်းရုံး၌ ပေးအပ်လှူဒါန်းခဲ့သည်။