သတင်းများ

အမျိုးသားစိတ်ဓာတ်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသို့ လက်ရွေးစင်ဆောင်းပါးများ စာအုပ်များလှူဒါန်း
Aug 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အောက်ရှိခရိုင်(၄)ခရိုင် အတွင်းရှိ မြို့နယ်ရုံးစာကြည့်တိုက်များတွင်အသုံးပြုရန်အတွက် အမျိုးသားစိတ်ဓာတ်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသို့ လက်ရွေးစင်ဆောင်ပါးစာအုပ်များပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်၁၀နာရီတွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာအလင်းခေတ်မီ စာကြည့်တိုက် ၌ကျင်းပသည်။
မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေအမှတ် ၁၄၆၈ စင်တီမီတာ အထိရောက်ရှိနေပြီးစိုးရိမ်ရေအမှတ်ရောက်ရှိရန် ၂၃၂ စင်တီမီတာသာလို
Aug 27,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်သည် ရေအမှတ် ၁၄၆၈ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်သို့ရောက်ရှိရန် ၂၃၂ စင်တီမီတာသာလိုတော့ကြောင်း မြို့နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှရုံးမှ သိရသည်။
အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အကျဉ်းသား/သူ၊ အချုပ်သား/သူ(၂၄၁၇)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဗဟို အကျဉ်းထောင်အတွင်း ထိန်းသိမ်းထားသော အကျဉ်သား/သူ၊ အချုပ်သား/သူ (၂၄၁၇)ဦးအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အင်းစိန်ဗဟို အကျဉ်းထောင်တွင် ထိုးနှံပေးခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်ထွက် ခရမ်းချဉ်သီးများ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ပခုက္ကူ ဈေးကွက်သို့စတင်ရောင်းချနေ
Aug 27,2021
မန္တလေးတိုင်းဒေသကြီး   ကျောက်ပန်းတောင်းမြို့နယ်တွင် မြေအောက်ရေသွင်း စိုက်ပျိုးထားသည့် ခရမ်းချဉ်သီးများ စတင်ဆွတ်ခူးရောင်းချနေကြပြီဖြစ်ရာ ခရမ်းချဉ်သီး တစ်ပိသာ ၃၅၀ကျပ် ရောင်းချနေရကြောင်း ခရမ်းချဉ်စိုက်တောင်သူ ဦးတင်ထွန်းအောင်ထံက  သိရသည်။
ပန်းခင်းစီမံချက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
Aug 27,2021
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုလုပ်ငန်း စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ရခိုင်ပြည်နယ်မှ ဝန်ထမ်းများနှင့်တွေ့ဆုံ
Aug 27,2021
ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှသည် ယနေ့မွန်းလွဲပိုင်းက စစ်တွေမြို့၊ စစ်တွေတက္ကသိုလ်အနီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမ၌ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဝေါမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော ကျန်းမာရေး ဝန်ထမ်းများနှင့် Volunteer များအား အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ငွေပေးအပ်
Aug 27,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဝေါမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော ကျန်းမာရေးဝန်ထမ်း များနှင့် Volunteer များအား အထောက်အကူပြုပစ္စည်းများ လှူဒါန်းပွဲကို ဝေါမြို့နယ်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
နတ်တလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသိပေးနှိုးဆော်မှုများ ဆောင်ရွက်
Aug 27,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများပြားလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပေး နှိုးဆော်မှုများအား ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည(၈)နာရီအချိန်က မြို့အတွင်းရှိ ရပ်ကွက်များနှင့်လမ်းဆုံလမ်းခွတို့တွင် မြို့နယ် မီးသတ်ဦးစီးဌာနနှင့်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဝန်ထမ်းများမှ လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။