ပခုက္ကူ ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများမှ စေတနာ့ ဝန်ထမ်း(၆၉)ဦးအား ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁) ခန်းမ၌ ဒုတိယအကြိမ် ထိုးနှံပေးသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန် ဆရာဝန်မများ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးထိုးနှံပေးမည့်သူများအား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာ ခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်စေခြင်း၊ စနစ်တကျ မှတ်ပုံတင်ဆောင်ရွက်ခြင်းများ ပြုလုပ်ပြီး တရုတ်နိုင်ငံထုတ် (Vero Cell SARS-CoV-2 Vaccine) ဆေးအမည်ရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ဟိန်းသူ