မိုင်းဖြတ်၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလလုပ်ငန်းများအတွက်အလှူငွေများ ပေးအပ်လှူဒါန်း

မိုင်းဖြတ်  သြဂုတ်  ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိုင်းဖြတ်လူမှုရေးကူညီမှု အသင်းသို့ အလှူငွေပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉နာရီအချိန်ခန့်က မိုင်းဖြတ်လူမှုရေးကူညီမှု အသင်းရုံး၌ ပေးအပ်လှူဒါန်းခဲ့သည်။

ထိုသို့ အလှူငွေများပေးအပ်လှူဒါန်းရာတွင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ငြိမ်း) ဦးလင်းဇော်ထွန်းနှင့် ဇနီး ဒေါ်ခင်သူဇာလှိုင်မိသားစုက လှူဒါန်းသည့် အလှူငွေကျပ်ငါးသိန်းကို ဦးထွန်းနိုင်က မိုင်းဖြတ်လူမှုရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစိုင်းဆေးနော်ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်တွင် မိုင်းဖြတ်လူမှုရေးကူညီမှုအသင်းအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိရား အတည်ပြုလူနာ များတွေ့ရှိ ပါက ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကုသရေးဆောင်သို့ ပို့ဆောင်ပေးခြင်း၊ ပိုးတွေ့လူနေအိမ်များ တွင် ပိုးသတ်ဆေး(အခမဲ့)ဖျန်းပေးခြင်း၊ ဆေးကုသမှုခံယူလျက်ရှိသည့် လူနာများအတွက် အလှူရှင်များ နှင့်ဆက်သွယ်ပြီး နေ့စဉ် နံနက်စာ၊ နေ့လယ်စာ၊ ညစာတို့ကို  ပို့ဆောင်ပေးခြင်း၊ ကုသရေးဆောင်များတွင် လိုအပ်ချက်များကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအေး