ညောင်ဦး ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်တွင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ ယနေ့ နံနက် ၆နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ မှတ်သည် ၂၀၇၁ စင်တီမီတာသို့ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀စင်တီမီတာ သို့ရောက်ရှိရန် ၄၉ စင်တီမီတာလိုတော့ကြောင်းညောင်ဦးမြို့မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနထံကသိရသည်။
ညောင်ဦးမြို့နယ်တွင် ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၆နာရီတိုင်းတာချက်အရ ဧရာဝတီမြစ် ရေမှတ်သည် ၂၀၇၁ စင်တီမီတာ ရှိနေကာစိုးရိမ်ရေမှတ် ရောက်ရှိရန် ၄၉စင်တီမီတာလိုသေးကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှ သိရ သည်။ ညောင်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိုးလေဝသနှင့်ဇလဗေ ဒညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းကာ ဧရာဝတီမြစ်ရေကြီးမှုအခြေအနေ၊ မြစ်ရေကျမှုအခြေအနေ များအား နေ့စဉ်သတင်းထုတ်ပြန်ပေးနေကြောင်း၊ ညောင်ဦးမြို့ နယ်မီးသတ်ဦး စီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ မြစ်ကမ်းဘေးနေပြည်သူများအား Speed Boat နှင့်လှည့်လည်၍ မြစ်ရေကြီးမှုအခြေအနေအား Hand Speaker ဖြင့်လိုက်လံဆော်ဩနေ ကြောင်းလည်း ညောင်ဦးမြို့နယ်မီးသတ်ဦးဦးစီးဌာန၊ မြို့နယ်မီး သတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။
ကိုထိန်