ကလေးမြို့၌ မြစ်သာမြစ်(ပြင်သာ)ရေ စိုးရိမ်ရေအမှတ်အောက်တွင်ရှိ

ကလေး  ဩဂုတ်  ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကလေးမြို့တွင်  လွန်ခဲ့သော ၂၄ နာရီအတွင်းတိုင်းထွာချက်အရ မြစ်သာမြစ်ရေ(ပြင်သာ)သည် ယနေ့နံနက် ၀၆:၃၀ တိုင်းထွာချက်အရ (+၉) စင်တီမီတာ (၄)လက်မ မြင့်တက် ခဲ့ကြောင်း ကလေးမြို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။

မြစ်သောမြစ်(ပြင်သာ)၏ စိုးရိမ်ရေအမှတ်သည် (၁၁၀၀) စင်တီမီတာဖြစ်ပြီး ယနေ့နံနက်တိုင်းတာချက်အရ မြစ်သာမြစ်ရေသည် (၄၄၃)စင်တီမီတာတွင်ရှိသောကြောင့် စိုးရိမ်ရေအမှတ်အောက် (၆၅၇) စင်တီမီတာ (၂၁.၅ပေ)တွင် တည်ရှိနေကြောင်းသိရသည်။

မောင်ကျော် (ပြန်/ဆက်)