မလှိုင် ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့က မလှိုင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည် ။
တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို မြို့ပေါ်ရပ်ကွက်(၄)ခုတွင် ဩဂုတ် ၂၈ ရက်နေ့၌ ထိုးနှံ ပေးသွားမည်ဖြစ်၍ အသိပေးနှိုးဆော်ခြင်းများ ကိုကြိုတင်ဆောင်ရွက်သွားကြရန် ၊ ပုံမှန်ဝင်ငွေမရှိ သော လူဦးရေးစာရင်းများ ကောက်ယူခြင်းကို ဆောင်ရွက်ရမည်ဖြစ်၍ ပါဝင်သင့်သူများ မကျန်ရှိစေရေး ၊ မပါဝင်သင့်သူများ မပါရှိရေးကို အလေးထားဆောင်ရွက်သွားကြရန်နှင့် မြန် မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေများကိုဆက်လက်ထုတ်ချေး ပေးနေပြီဖြစ်၍ အုပ်ချုပ်ရေးမှူးများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားခဲ့သည် ။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးသန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထိန်လင်းမောင်တို့က လုံခြုံရေးကိစ္စနှင့် ပတ်သက်၍၎င်း ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးကျော်ငြိမ်းက ဧည့်စာရင်းစစ်ဆေးခြင်း များကို ဆောင်ရွက်သွားကြရန် ဖြည့် စွက်မှာကြားခဲ့သည်၊၊
ထို့နောက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အထေွထွေအုပ်ချုပ်ရေး ဦးစီးဌာန ရပ်/ ကျေးစာရေးဝန်ထမ်းများ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ဝန်ထမ်း (၅၂)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်(၅ဝဝဝ)နှင့်ကြက်ဉ(၂၅) လုံးကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ထောက် ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည် ။
အောင်ဌေး