မုံရွာ သြဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနိုုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်၍ ခရိုင်/မြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင် (၃၆)ဦးမှာ Video Conferening စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က အမှာစကားပြောကြာရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကဏ္ဍတွင် အရေးပါသည့်တိုင်းဒေသကြီး တစ်ခုဖြစ်ပါကြောင်း၊ စပါးသီးနှံမှာ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးပြီးလျှင် စိုက်ပျိုးဧကအများဆုံး ၊ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံ တို့တွင် စိုက်ဧကအများဆုံးစိုက်ပျိုးရာ တိုင်းဒေသကြီးတစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အဓိက သီးနှံဖြစ်သည့် စပါးသီးနှံကို ပြည်တွင်းဝမ်းစာဖူလုံအောင် ဆောင်ရွက်ရုံမက ပိုလျှံသည့်စပါးများကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချရန် ရည်မှန်းချက်ထား၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ချည်မျှင်ရှည်ဝါ သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံပိုင်နှင့်ပုဂ္ဂလိကချည်မျှင်နှင့် အထည်စက်ရုံများ၏ ဝါဂွမ်းလိုအပ်ချက်အား ဖြည့်ဆည်းနိုင်သည့်အပြင် ပိုလျှံသည့် ဝါဂွမ်းများအား ပြည်ပသို့တင်ပို့ခြင်းဖြင့်နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိမှာ ဖြစ့်သည့်အပြင် ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများ ရရှိမှာဖြစ်ပါကြောင်း၊ မိုးစပါးစိုက်ပျိုးရာသီတွင် တိုင်းဒေသကြီးအတွင်း စုစုပေါင်း- ၁၈၂၅၀၀၀ ဧက စိုက်ပျိုး သွားမည်ဖြစ်ရာ ယနေ့အထိ - ၁၂၃၂၁၆၈ ဧက စိုက်ပျိုးပြီးဖြစ်ရာ စက်တင်ဘာ လကုန်တွင် လျာထားချက် ပြည့်မီရေး ကြိုးစားဆောင်ရွက် သွားရန်နှင့် ဝါသီးနှံစိုက်ပျိုးပြီးစီးမှုအနေဖြင့် လျာထားချက်-၇၉၃၄၆ ဧကအပေါ် ယနေ့အချိန်အထိကို -၃၆၃၅၁ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး စိုက်ပျိုးရန် လျာထားချက်ပြည့်မီရေး စပါးနှင့်ဝါသီးနှံတစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားရေးကိုလည်း ကြ်ိုးပမ်း လုပ်ဆောင်ကြရန်လိုအပ်ပါကြောင်း “ ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက မိမိတို့ ဌာနများအလိုက်ဆောင်ရွက်နေသော စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုများအား ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စိုက်ပျိုးရေး ဦးစီးမှူးများက မိမိတို့ခရိုင် များအတွင်း စပါး၊ ပဲမျိုးစုံ၊ ဝါသီးနှံနှင့် အခြားသီးနှံများစ်ိုက်ပျိုးပြီးစီးမှု၊ စိုက်ပျိုးရေရရှိရေး လုပ်ငန်းများနှင့် ဆက်လက်စိုက်ပျိုးမည့် လုပ်ငန်းများအား အသီးသီးတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့်အတွင်းရေးမှူးတို့က စိုက်ဧကပြည့်မီအောင် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် ပက်သက်၍ ရှင်းလင်းတင်ပြချက်များ အပေါ် အကြံပြုဆွေးနွေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြိးချုပ် ဦးမြတ်ကျော် က လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းဒေသကြီးအနေဖြင့် စပါးသီးနှံနှင့်ဝါသီးနှံစိုက်ပျိုးရေးကို သာမကဘဲ အခြားဝင်ငွေရသီးနှံများနှင့် စားဖိုဆောင်သီးနှံများရဲ့ အရည်အသွေးနှင့် အထွက်နှုန်းတိုးတက်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ရာ စိုက်ပျိးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဌာနများပေါင်းစပ်၍ ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားကြရန်ပြေကြားပြီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်