ကျိုက်လတ်မြို့နယ်တွင် အ​ခြေခံလူတန်းစား ပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် ဆန်နှင့် ကြက်ဥများ ရောင်းချ​ပေး

ကျိုက်လတ်  သြဂုတ်  ၂၇

ဧရာ၀တီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့၏ ကြီးကြပ်စီစဉ်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက မြို့နယ်အတွင်းရှိ ၊အ​ခြေခံလူတန်းစား ပြည်သူများအား  ကိုဗစ်-၁၉​ရောဂါ ဖြစ်ပွား​နေစဥ်ကာလအတွင်း လတ်တ​လော စား​​သောက်ရေး အဆင်​ပြေ​စေရန် ယ​နေ့ နံနက် ၇ နာရီ အချိန်ကစ၍ မြို့နယ်စားသုံးသူ‌ရေးရာ ဦးစီးဌာနရုံးတွင် ဆန်တစ်ပြည်  တစ်​ထောင်ကျပ်နှုန်း၊ ကြက်ဥ တစ်လုံး ၁၀၀ ကျပ်နှုန်းဖြင့်​ စျေးနှုန်းချိုသာစွာ​ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့​ ရောင်းချရာတွင် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်၊ စည်းကမ်းများနှင့်အညီ တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာရက်နေ့များတွင် နံနက် ၇ နာရီမှ ၁၀ နာရီအထိ ​ဆန်တစ်ပြည်၊ ကျပ်တစ်ထောင်နှုန်း၊ ကြက်ဥတစ်လုံး ၁၀၀ကျပ်နှုန်းဖြင့် လိုအပ်လျက်ရှိသော ပြည်သူများအဆင်ပြေစွာ ဝယ်ယူနိုင်ကြရေး စီစဉ်ရောင်းချပေးသွားမှာဖြစ်ကြောင်း ​သိရှိရသည်။

ဌေးဌေးလှိုင်