ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

 

ကျိုင်းတုံ ဩဂုတ် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက ခေမာရဌ်ရိပ်သာ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်၊ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက  သဘာဝဘေးအန္တရာယ် ကျရောက်ပါက ချက်ချင်းသွားရောက်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ကြိုးပမ်းဆောင် ရွက်ရန် တိုက်တွန်းလိုကြောင်း၊ လတ်တလော ကြုံတွေ့လာရနိုင်သည့်  သဘာဝဘေးအန္တရာယ် ဆိုင်ရာ များနှင့် ပတ်သက်၍ ကြိုတင်စီမံ ဆောင်ရွက်ထားရန်လိုကြောင်းနှင့်  Stay at home ကြေညာထားသည့် မြို့များတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ တိကျစွာ ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ပိုမိုထိ‌ရောက်မှုရှိစေရန် တိုင်းရင်းသားဘာသာစကားဖြင့် ရှင်းလင်းမှုရှိပြီး လွယ်ကူရှင်းလင်းစွာ နားလည်နိုင်အောင် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊  ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများရှောက်ရှိပါက ပြည်သူများအား အမြန်ဆုံးထိုးနှံဆောင်ရွက်ပေးရန်နှင့်  ဆေးဝါများအပါ အဝင် ကုန်ပစ္စည်းများ  ဈေးနှုန်းမြင့်တက် မှုမရှိစေရေး၊ ကုန်စည်စီးဆင်းမှု ချောမွေ့စေရေး၊ ဆေးဝါး ပြတ်လပ်မှုမရှိစေရေး၊ စိစစ်ကြပ်မတ်ဆောင်ရွက်ရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်စီမံ အုပ်ချုပ်‌ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများက  လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံ များမှပြန်လာသည့် ပြည်တော်ပြန်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် အညီ လက်ခံပြီး နေရပ်ဒေသအသီးသီးသို့ ချောမွေ့စွာရောက်ရှိရေး ကူညီ ပို့‌ဆောင်ပေးလျက်ရှိပါ ကြောင်း၊  ကျိုင်းတုံမြို့နယ်တွင် အောက်ဆီဂျင်စက် ရောက်ရှိတပ်ဆင်လျက်ရှိပြီး ဒေသတွင်း အောက်ဆီဂျင်လိုအပ်ချက်များတွင် လွယ်ကူလျင်မြန်စွာ ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက အမြန်ဆုံး ကူညီဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိ ပါကြောင်း၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်တင်ပြရာ ပြည်နယ်၊ ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

ယင်းနောက် အစည်းအဝေးအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  ကျိုင်းတုံ-မိုင်လား သွားလမ်းပေါ်ရှိ ဝမ်တာပင်း စစ်ဆေး‌ရေး ပူးပေါင်းဂိတ်ကို  အမြန်ဆုံးဖွင့်လှစ်နိုင်ရေး သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့်