ငွေဆောင် ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိစည်ပင်သာယာမြို့မစျေး၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းကို ယနေ့ နံနက် (၇)နာရီ ကငွေဆောင်မြို့မစျေးတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ငွေဆောင်တိုက်နယ် ပြည်သူ့ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာစည်သူဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက မြို့မစျေးတွင်ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် လာရောက်စစ်ဆေးသူ(၄၀)ဦးအားစစ်ဆေးပေးရာကိုဗစ်-၁၉ရောဂါပိုးမရှိကြောင်း သိရသည်။
အဆိုပါ နှာခေါင်းတို့ပတ်နမူနာယူစစ်ဆေးပေးနေမှုအား မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်နှင့် အဖွဲ့ဝင် များက လာရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မူမူ