လေးမျက်နှာ ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စားသောက်ရေးအဆင်ပြေစေရန် ဆန်နှင့်ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက် ၇ နာရီအချိန်တွင်၍ မြို့နယ်ဆန်စက် လုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်ဆန်စပါး လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကာ လေးမျက်နှာ လမ်းဆုံ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာရေးအဖွဲ့ဝန်ထမ်းများက အိမ်ထောင်စုတစ်စုလျှင် ဆန်(၂)ပြည်နှုန်းနှင တစ်ပြည်လျှင် (၁၀၀၀)ကျပ်ဖြင့် လည်ကောင်း၊ကြက်ဥ (၁၀)လုံး (၁၀၀၀)ကျပ်နှုန်းဖြင့်လည်ကောင်း ရောင်းချပေးလျှက်ရှိပြီး အာဟာရပြည့်ဝ၍ ပြင်ပပေါက်ဈေးထက် သက်သာသော စျေးနှုန်းများဖြင့် ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေဝေ