တောင်တွင်းကြီး ဩဂုတ် ၂၉
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ် ဦးစီးမှူးရုံးမှ မြန်မာနိုင်ငံသားများဖြစ်သည့် တိုင်းရင်းသားများနှင့်ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ပြည်သူများအား ၂၀၂၁ခုနှစ်၊ မေလ(၅)ရက်မှ ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၃)ရက်အထိ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့” လက်ကမ်းစာစောင်များကို တောင်တွင်းကြီးမြို့၊ မြို့လယ်လေးလမ်းဆုံတွင် သွားလာကြသည့် ပြည်သူများအား ယနေ့နံနက်(၈)နာရီက အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းအောင်ထွေး၊ မြို့နယ်လ.ဝ.က ဦး စီးဌာမှူး ဦးကျော်ထူးနှင့်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ လမ်းသွားလမ်းလာ ခရီးသွားပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ ကြသည်။
အဆိုပါ လက်ကမ်းစာစောင်ထဲတွင် အသက်(၁၆)နှစ်ပြည့် (သို့) အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားရာတွင်ပါရှိရမည့် စာရွက်စာတမ်းနှင့်လိုအပ်ချက် (၁၀) ချက်၊ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးမည့်လုပ်ငန်း(၄)ရပ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများမှ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အိမ်ထောင်စုလူဦးရေ စာရင်း စစ်ဆေးအတည်ပြုထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များ၊ အိမ်ထောင်စုလူဦးရေစာရင်းအတွက် လိုက်နာရမည့် အချက်အလက်များ၊ ပန်းခင်းစီမံချက်ကာလအတွင်း အသက်(၁၆)နှစ်နှင့်အထက် နိုင်ငံသား စိစစ်ရေးကတ်ပြားများ တစ်ကြိမ်တစ်ခါမှ ကိုင်ဆောင်ဖူးခြင်းမရှိသူများအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများနှင့် မြို့နယ်လ.ဝ.က ရုံးသို့ဆောင်ရွက် နိုင်ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်