ရန်ကင်းမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ

 

 

ရန်ကုန်     ဩဂုတ်       ၂၉

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့် ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ သီသီလတ်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ဒုတိယအကြိမ်ကာကွယ် ဆေးထိုးနှံပေးခြင်းကို ရန်ကင်းမြို့နယ် အမှတ်(၁၄)ရပ်ကွက် မိုးကောင်း ဘုရားစေတီဝင်းအတွင်းရှိ အရိယာဓမ္မာရုံ၌ Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးလမ်းညွှန် ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

 

ရန်ကင်းမြို့နယ်တွင် Sinopharm အမျိုးအစား Covid -19 Vaccine ကာကွယ်ဆေးထိုးနှံပေး မှုများအားပထမ အကြိမ်အဖြစ် သြဂုတ်လ(၁)ရက်နေ့တွင်စတင်ထိုးနှံပေးခဲ့ပြီး သြဂုတ် ၁၉ ရက်နေ့ အထိ ဆေးထိုး နှံပြီးစီးမှုမှာ(၃၄၄၈)ဦးထိုးနှံခဲ့ပြီး ပထမအကြိမ်ကာကွယ် ဆေးထိုးနှံပြီးသူများအားသြဂုတ်လ(၂၉)ရက်နေ့မှစတင်ပြီးသတ်မှတ်ရက်အလိုက်ထိုနှံပေးသွားမှာဖြစ်ကြောင်းသိရသည်။ထိုအပြင်ဆေးထိုးရန်ကျန်ရှိသည့်မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ် နှင့်အထက် အဘိုးအဘွား များနှင့်ကျန်ဦး တည်အုပ်စု များကိုလည်း ကာကွယ်ဆေးရရှိသည့်အပေါ်မူတည်၍ ဦးစားပေးအဆင့်အလိုက် ဆက်လက်ထိုးနှံ ပေးမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော် မတီမှသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လာရောက်ထိုးနှံသည့် အဘိုးအဘွားများ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး၊ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ရုံးဝန်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊၊ မြို့နယ် ကြက်ခြနီ သူနာပြုတပ်ဖွဲ့ ဝင်များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊  တစ်ဦးနှင့်တစ်ဦး (၆)ပေ အကွာမှ တန်းစီးစောင့်ဆိုင်း စေခြင်းအပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

လှလှထွေး