သန်လျင်၌ အောက်ဆီဂျင်စက်ထားရှိရေး အဆောက်အဦ တည်ဆောက်သွားမည်

ရန်ကုန်   သြဂုတ်  ၂၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် နာရေးကူညီမှုအသင်းမှ အောက်ဆီဂျင် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အလှူရှင် ဦးစိန်လွင် (ဇနီး) ဒေါ်ဖြူဖြူခိုင် (ရတနာရှင်းသန့်ကုမ္ပဏီ)မိသားစုမှ "PSA,Oxygen Plant စက် ၁ လုံးနှင့် စလင်ဒါ ၄၀ လီတာ အလုံး ၅၀ တို့အား မြို့နယ်နာရေးကူညီမှုအသင်း Oxygen Plant ဖြစ်မြောက်ရေးကော်မတီထံသို့ လွဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း ယမန်နေ့ နံနက်ပိုင်းက အဆိုပါ အသင်းရုံးမှ သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်သစ်ကြီးအား သန်လျင်မြို့ အမိုးနီသုဿာန်အနီးရှိ မြို့နယ် နာရေးကူညီမှုအသင်းပိုင်မြေ (၂) ဧကတွင် ထားရှိနိုင်ရေးအတွက် ပွင့်လင်းရာသီ၌ အဆောက်အဦ တည်ဆောက်သွားမည်ဖြစ်ပြီး ယခုလတ်တစ်လော အောက်ဆီဂျင် လိုအပ်သူများအတွက် အခက်အခဲမရှိစေရန် အမိုးနီသုဿာန်ရှေ့ရှိ ယာဉ်ရပ်နားသည့်ကွင်းတွင် အောက်ဆီဂျင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကာ အောက်ဆီဂျင်စက်ထားရှိရေး အဆောက်အဦ တည်ဆောက်ခြင်းနှင့် မီးစက်ဝယ်ယူနိုင်ရေးအတွက် အလှူရှင်များ လိုအပ်လျက် ရှိပြီး ပါဝင်လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် သန်လျင်မြို့နယ် နာရေးကူညီအသင်းရုံး (ဖုန်း) ၀၉၇၉၉၄၅၂၀၃၃၊ ၀၉၇၉၉၄၅၂၀၃၄ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း  သိရသည်။

ခရိုင်ပြန်/ဆက်