ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့်အဖွဲ့ တာချီလိတ်မြို့ရှိ လူမှုကူညီရေးပရဟိတအဖွဲ့များသို့ ဆန်နှင့် အ​ခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

တာချီလိတ် ဩဂုတ် ၂၉

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ရောက်ရှိပြီး ကိုဗစ်(၁၉)ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးနေသည့် လူမှုကူညီရေး ပရဟိတအဖွဲ့များသို့ ဆန်နှင့်အ​ခြေခံစားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တာချီလိတ်မြို့ရှိ ဝမ်လုံ အသွား အလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာသို့ သွားရောက်၍ တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ၌ စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးနေကြသည့် အလင်း ရောင် ပရဟိတ၊ မေတ္တာရှင်ပရဟိတ၊ တာချီလိတ် နာရေးကူညီမှုအသင်း၊ မီးသတ်တပ်ဖွဲ့၊ ကြည်ခြေနီတပ်ဖွဲ့နှင့် မယ်ယန်းကိုဗစ်စစ်ဆေးရေးဂိတ်မှ Volunteer များအတွက် ဆန်နှင့် အခြေခံ စားသောက် ကုန်ပစ္စည်း(၇)မျိုးတို့ကို ထောက်ပံ့ပေးရာ သက်ဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။