တောင်တွင်းကြီး ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ရောဂါကူးစက်ပျံ့ပွားမှုများ လျော့နည်းပပျောက်စေရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်း များနှင့် Volunteer အဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့က သဲကျွန်းကျေးရွာသို့သွားရောက်ပြီး မိုဘိုင်းစစ်ဆေးရေးယာဉ်ဖြင့် ဒေသခံကျေးလက်နေပြည်သူများကို အခမဲ့ ကိုဗစ်-၁၉ ရောဂါ ရှာဖွေစစ်ဆေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ မိုဘိုင်းစစ်ဆေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင် ရွက်ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သဲကျွန်းကျေးရွာသို့ သွားရောက်၍ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသူနှင့် ထိစပ်မှုရှိသူများနှင့် ကျေးရွာနေပြည်သူများကို ရောဂါပိုးရှိ / မရှိ RDT ( Test Kits ) ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ မိုဘိုင်းစစ်ဆေးရေးယာဉ်ဖြင့် ကျေးလက်နေပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက် နယ်လှည့်ကွင်းဆင်းစစ်ဆေးပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)