မှော်ဘီမြို့နယ် ၊ ဝါးနက်ချောင်းကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေး

မှော်ဘီ   ဩဂုတ်   ၂၉

ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ စစ်ဆေးခြင်းကို မြို့နယ်ကျန်းမာရေးဝန်ထမ်းနှင့် ကြက်ခြေနီအသင်းအဖွဲ့တို့မှ ယနေ့ နံနက်ပိုင်းက ဝါးနက်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ စစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးရာတွင် ကျေးရွာအတွင်းရှိ ကျေးရွာသူ/သား (၁၁၁)ဦးအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးနည်းလမ်း များနှင့်အညီ စစ်ဆေးဆောင်ရွက်ခဲ့ပြီး စစ်ဆေးပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ အဆိုပါ စစ်ဆေးဆောင်ရွက်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးအောင်ကြည်၊ အုပ်ချုပ်ရေးအဖွဲ့ဝင်(စီမံ) ဗိုလ်မှူးပြည့်စုံကျော်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းစိုးတို့မှ တက်ရောက်အားပေးကြည့်ရှုခဲ့ပြီး နယ်မြေခံတပ်ရင်း (၁၀၉)မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင် များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို စောင့်ကြပ်ကြည့်ရှုပေးခဲ့ကြောင်း သိရသည်။

ကောင်းမြတ်သူ