မုဒုံ သြဂုတ် ၂၉
မွန်ပြည်နယ် မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများနှင့် အခြားအရေးပေါ်လူနာများ အောက်ဆီဂျင်ပြတ်လပ်မှု အခက်အခဲမရှိရေး အဆင်ပြေစွာ ဆေးကုသခံယူနိုင်ရန်အတွက် မုဒုံမြို့နယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များမှ အောက်ဆီဂျင်အရည်များ အခမဲ့ ဖြည့်သွင်းပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ အောက်ဆီဂျင်အရည်များ ဖြည့်သွင်းပေးရာတွင်မုဒုံအရေးပေါ်ကယ်ဆယ်ရေး အဖွဲ့မှ ရန်ကုန်၊ ရေး၊ မော်လမြိုင်၊ ထားဝယ်မြို့နယ်များသို့ အောက်ဆီဂျင်များ သွားရောက်သယ်ဆောင်ကာ မြို့နယ်အတွင်း လိုအပ်လျက်ရှိသော အောက်ဆီဂျင်များကိုမုဒုံမြို့နယ်အပြင် ကျိုက်မရော မြို့နယ်အတွင်းရှိ ကျွန်းရွာ၊ တောင်ကလေး၊ တံခွန်တိုင်စသည့်ကျေးရွာများကိုပါ အောက်ဆီဂျင်အိုးသေး နေ့စဉ် အလုံး(၆၀) ခန့် စုစုပေါင်း အိုး အလုံးရေ(၁၄၀၀)ကျော်ကို အခမဲ့ဖြည့်သွင်းပေးခဲ့ကြောင်း မုဒုံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ အလားတူ မြန်မာ့လူငယ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ အောက်ဆီဂျင်အရည်များကို နေ့စဉ်အခမဲ့ ဖြည့်သွင်းပေးလျက်ရှိပြီး မြို့နယ်အတွင်း အောက်ဆီဂျင် ပြတ်လပ်မှု မရှိစေရေးအတွက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ