ထီးလင်း သြဂုတ် ၂၉
ဂန့်ဂေါခရိုင်၊ထီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါကူးစက်မှု လျော့နည်းစေရေး အတွက် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကုသရေး ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ ထီးလင်းမြို့နယ်၊ သရခါကျေးရွာသို့သွားရောက်ပြီး ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ဒေသခံ ပြည်သူများအား အခမဲ့ ကိုဗစ်-၁၉ ရောဂါ ရှာဖွေစစ်ဆေးပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် ကျန်းမာရေး ဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သရခါကျေးရွာရှိ ရဟန်းသံဃာတော်များနှင့် ကျေးရွာနေ ပြည်သူ၆၀ ဦးတို့အား ရောဂါပိုးရှိ/မရှိ RDT( Test Kits)ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးရှိသူ မတွေ့ရှိရကြောင်း သိရသည်။
ထီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ရောဂါ ပိုးစစ်ဆေးပေးခြင်းလုပ်ငန်းကို ကျန်ရှိသည့် ကျေးရွာများအရောက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ကျန်းမာရေး စစ်ဆေးလိုသည့် ပြည်သူများအနေဖြင့် မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် ချိတ်ဆက်ဆောင်ရွက်၍ ရောဂါပိုးရှိ၊မရှိစစ်ဆေးမှုခံယူနိုင်ကြောင်းသိရသည်။
အောင်စည်