သတင်းများ

မိုးမိတ်မြို့၌ အသက်(၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Aug 30,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီမှ စတင်၍ ထိုးနှံပေးခဲ့ပြီး လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် Social distaning နှင့်အညီ မြို့နယ်စည်ပင်သာယာခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ ထိုသို့ထိုးနှံပေးရာ၌ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား ထိုးနှံပေးလျက်ရှိပြီး ကိုဗစ်ကာကွယ်ဆေးမထိုးမီ စာရင်းပေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင်ပမာဏာတိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်းတို့ကို ဦးစွာဆောင်ရွက်ပြီး ယင်းလုပ်ငန်းစဉ်များ အခြေအနေမှန်ဖြစ်မှသာ ကာကွယ်ဆေးထိုးနှံ ပေးခြင်းဖြစ်သည်။
မေတ္တာမြို့ဟိန္ဒါးကျေးရွာတွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးလျက်ရှိ
Aug 30,2021
 တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ဟိန္ဒါးကျေးရွာ၊ ကျေးလက်ကျန်းမာရေး   ဆေးခန်းတွင် နေမကောင်းဖြစ်၍ ဆေးခန်းလာပြသောလူနာများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်းကို ဩဂုတ်လ(၅)ရက်နေ့မှစတင်၍ အဆိုပါ ဆေးခန်းတွင် ဆောင်ရွက်ခဲ့သည်။
မိုင်းယောင်းမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Aug 30,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူ ၄၁၂ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အ.ထ.က (မိုင်းယောင်း)၊ အ.လ.က(တပ်တွင်း)၊ ဝမ်ပုံကျေးရွာ ဘုန်းကြီးကျောင်းနှင့် မြို့မရပ်ကွက် ဘုန်းကြီးကျောင်း စုရပ်များ၌ ယမန်နေ့နံနက်ပိုင်းမှစ၍ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
လွိုင်လင်မြို့၌ ရဲတပ်ဖွဲ့ဝင်( အိမ်ထောင်သည်) များအားစားရိက္ခာများထောက်ပံ့
Aug 30,2021
ရှမ်းပြည်နယ်( တောင်ပိုင်း) လွိုင်လင်မြို့ရှိ ခရိုင်/ မြို့နယ် အိမ်ထောင်သည်ရဲတပ်ဖွဲ့ဝင်မိသားစုများအား စားရိက္ခာထောက်ပံ့ခြင်းကို ယနေ့နံနက် (၇) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရိပ်သာ (၁) တွင်ပြုလုပ်ကြောင်းသိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဝယ်ယူခဲ့သည့် အောက်ဆီဂျင်စက် စစ်တွေမြို့သို့ရောက်ရှိ
Aug 30,2021
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဝယ်ယူခဲ့သည့် အောက်ဆီဂျင်စက် စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး သို့ ယမန်နေ့ညနေပိုင်းက ရောက်ရှိခဲ့သည်။
လပွတ္တာမြို့နယ်တွင် မိုးစပါးစိုက်ဧက (၃၃၇၈၀၉) ဧကစိုက်ပျိုးပြီးစီး
Aug 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ကျောက်မှော် ကျေးရွာအုပ်စု၊ အောက်ချောင်းကျေးရွာ ဘက်စုံအဆင့်မြင့်နည်း ပညာသုံးစံပြစိုက်ကွင်းရှိ ကွင်းအမှတ်(၅၈၁-က) ဦးပိုင်(၁၆​​)တောင် သူဦးထွန်းလင်း၏ လယ်​မြေတွင် ဆင်းသုခစပါးမျိုးအားအထွက်နှုန်း တင်း (၁၀၀)ထွက်ရှိ​အောင် မြို့နယ်စိုက်ပျိုး​ရေးဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် သိပ္ပံနည်းကျစပါးစိုက် ပျိုး​ခြင်းအားဆောင်ရွက်ခဲ့သည်။
တီးတိန်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ
Aug 30,2021
ချင်းပြည်နယ်တီးတိန်မြို့၌ ကို‌ဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယနေ့နံနက် ၉နာရီက မြို့နယ်ပြည်သူ့‌ဆေးရုံအစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ဝန်ထမ်းများနှင့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေး
Aug 30,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်‌ခေါင်းမြို့နယ်တွင် ဝန်ထမ်းများနှင့် အသက်(၆၅)နှစ် အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ်ကိုဗစ် -၁၉ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်မှ စတင်၍ အမှတ် (၃)ရပ်ကွက်ရှိ လေးမျက်နှာဇာတ်ရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။