မိုင်းယောင်းမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

မိုင်းယောင်း ဩဂုတ် ၃၀

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူ ၄၁၂ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အ.ထ.က (မိုင်းယောင်း)၊ အ.လ.က(တပ်တွင်း)၊ ဝမ်ပုံကျေးရွာ ဘုန်းကြီးကျောင်းနှင့် မြို့မရပ်ကွက် ဘုန်းကြီးကျောင်း စုရပ်များ၌ ယမန်နေ့နံနက်ပိုင်းမှစ၍ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အဆင်ပြေစေရန် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်၊ စခန်းမှူး ဒုတိယရဲမှူး ရဲဝင်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့တို့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)