သတင်းများ

ဘိုကလေးမြို့နယ်သို့ အောက်ဆီဂျင်စက် အမြန်ဆုံးရောက်ရှိနိုင်ရေးအတွက် ဖြစ်မြောက်ရေး ကော်မတီမှ စီစဉ်ဆောင်ရွက်နေ
Aug 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် မတည်အလှူရှင်များ၊ အများပြည်သူ၏ စုပေါင်းလှူဒါန်းမှုများဖြင့် မြို့နယ်ကုတင်(၁၀၀) ဆေးရုံအနီးတွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ပြီး အများပြည်သူတို့အတွက် အောက်ဆီဂျင်ထုတ်လုပ် လှူဒါန်းမည်ဖြစ်ရာ ဘိုကလေးမြို့နယ်သို့ အောက်ဆီဂျင်စက် အမြန်ဆုံးရောက်ရှိရေးအတွက် မြို့နယ်အောက်ဆီဂျင်စက် ဖြစ်မြောက်ရေးကော်မတီမှ စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ကျွန်းစုမြို့တွင် စားသောက်ကုန်များနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများ လှူဒါန်း
Aug 30,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပေါ်နေစဉ် ကာလအတွင်း တနင်္သာရီ ရေတပ်စခန်းဌာနချုပ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ စုပေါင်း၍ သံဃာတော်များ ဆွမ်းအခက်အခဲမရှိစေရေးအတွက် စားသောက်ကုန်များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး
Aug 30,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် ၉နာရီ အချိန်ခန့်က မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက Sinopharm အမျိုး အစားကာကွယ်ဆေး (ဒုတိယအကြိမ်)ကို (၂)ရက်မြောက် ဆက်လက်ထိုးနှံပေးကြောင်း သိရ သည်။
လှိုင်းဘွဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်ထက်ထိုးနှံပေးလျက်ရှိ
Aug 30,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အောင်ဆန်းခန်းမတွင် ယမန်နေ့က သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို လူဦးရေ(၃၁၅)ဦး ထိုးနှံပေးခဲ့ပြီး ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးတာချီလိတ်မြို့ စံလင်းဖြိုး ကုမ္ပဏီမှလှူဒါန်းသည့် လူ(၂၀၀) ဦးခန့်ထားရှိနိုင်မည့် Quarantine Center သို့ သွားရောက် ကြည့်ရှု့
Aug 30,2021
တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများသည် တာချီလိတ်မြို့ စံလင်းဖြိုး ကုမ္ပဏီမှ ဆောက်လုပ်လှူဒါန်းသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀၀ ဉီး ခန့်ထားရှိနိုင်မည့် Quarantine Center ကို ယမန်နေ့က သွား ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်/ကျေးရွာများနှင့် ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်လမ်းမကြီးအချို့ ရေကြီးရေလျှံမှုဖြစ်ပေါ်
Aug 30,2021
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ယမန်နေ့ ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ နံနက်ပိုင်းတွင် သစ်ပင်ကြီးနှစ်ပင် လဲပြိုခြင်း၊ ရပ်ကွက်/ကျေးရွာများနှင့် ဌာနဆိုင်ရာရုံးများ မြို့ပေါ် လမ်းမကြီးအချို့ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ ပရိယတ္တိစာသင်တိုက်များ ၊ ဘုန်းတော်ကြီးကျောင်းများ ၊ သီလရှင်ကျောင်းများသို့ အလှူတော်ငွေများပေးအပ်လှူဒါန်း
Aug 30,2021
  ကယားပြည်နယ်အတွင်းရှိ  ပရိယတ္တိစာသင်တိုက်များ ၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများသို့ ၊ ဆွမ်းဟင်းလျာများအတွက် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ် လွှတ်တော်ရုံးတို့မှ အလှူတော်ငွေများပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က ၊ ကယားပြည်နယ်အစည်းဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။ 
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အုတ်တွင်းမြိုနယ်ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများအတွက် အောက်ဆီဂျင်အိုးများနှင့် Flow Meter များ ထောက်ပံ့လှူဒါန်း
Aug 30,2021
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများအတွက် လီတာ၄၀ဆံ့ အောက်ဆီဂျင်အိုး (၁၉) လုံးနှင့် Flow Meter (၂၉ )ခုကို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။