သတင်းများ

ဘားအံမြို့သူ/မြို့သားများ၏ လှူဒါန်းငွေဖြင့် အောက်ဆီဂျင်ထုတ်လုပ်နိုင်တော့မည်
Aug 30,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဘားအံမြို့သူ/မြို့သားများ၏ စုပေါင်းအလှူငွေဖြင့် ဝယ်ယူသည့် အောက်ဆီဂျင်စက်သည် ဘားအံမြို့ အမှတ်(၁)ရပ်ကွက်၊ကမ်းသာယာလမ်းရှိ အောက်ဆီဂျင်စက်ထားရှိမည့်နေရာသို့ ဩဂုတ်လ(၂၁) ရက်နေ့တွင် ရောက်ရှိပြီး စက်တင်ဆင်မှု များ ပြုလုပ်၍ စမ်းသပ်လည်ပတ်နေပြီဖြစ်ကြောင်း သိရှိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယနေ့ ဆက်လက် ထိုးနှံပေး
Aug 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျော့ချရန်၊ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်း ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်း(Volunteer) အဖွဲ့ဝင်များအား ယနေ့ နံနက် ၉ နာရီမှစ၍ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ဒုတိယ အကြိမ်(ဒုတိယနေ့) ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ဒေါပုံမြို့နယ်တွင်အသက်၆၅နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉‌ ‌‌ရောဂါကာကွယ်‌‌‌‌ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 30,2021
ဒေါပုံမြို့နယ်အတွင်း အသက်(၆၅)နှစ်အထက် ဘိုးဘွားများအား ယနေ့နံနက်(၉)နာရီမှ စတင်ကာ ဒေါပုံမြို့နယ်အ.ထ.က(၁)နှင့် အ.လ.က(၄)ကျောင်းတို့တွင် ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေးကို ဒုတိအကြိမ်ထိုးနှံ ပေးခဲ့‌ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခြင်း
Aug 30,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm)ထိုးနှံပေးခြင်းကို ပထမအကြိမ် ဩဂုတ်လ(၂)ရက်နေ့မှ စတင်၍ထိုးနှံပေးခဲ့ရာ ယခု ဒုတိယအကြိမ်ကို ဩဂုတ်လ(၃၀)ရက်နေ့တွင် သတ်မှတ်စုရပ်နေရာများ၌ အစီအစဉ်အလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်အကြောင်း သိရသည်။
မဘိမ်းမြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံထားသူများကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေး
Aug 30,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစား ထိုးနှံထားသူများကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုး နှံပေးခြင်းကို  ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အဆောက်အဦ သစ်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
တာမွေမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ
Aug 30,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်မှုကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများအား Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း တို့တွင် နှစ်နေရာခွဲ၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သာစည်မြို့သို့အောက်ဆီဂျင်စက်ရောက်ရှိ
Aug 30,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဆောက်လုပ်လျက်ရှိသော အောက်ဆီဂျင်စက်ရုံအတွက် အောက်ဆီဂျင်ထုတ်စက် ယမန်နေ့က ရောက်ရှိပြီး ယာယီထားရှိှမည့်နေရာ၌ ပို့ဆောင်ထားကြောင်းနှင့်ထိုနေရာတွင် စနစ်တကျဖြင့် ယာယီမောင်းနှင်ပြီး အောက်ဆီဂျင် ထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရ သည်။
မြိတ်မြို့ရှိ ဘုရားကိုင်ချောင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ကုန်း/ရေနှစ်တန်သွား ဘက်ဟိုး(မြေတူးယာဉ်)ဖြင့် တူးဖော်ဆောင်ရွက်
Aug 30,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ဘုရားကိုင် ချောင်းအား ရေစီးရေလာကောင်းမွန်ရေးနှင့် ချောင်းတိမ်ကောမှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကုန်း/ရေနှစ်တန်သွား ဘက်ဟိုး(မြေတူးယာဉ်)ဖြင့်  တူးဖော် ဆောင်ရွက်လျက်ရှိသည်။