လပွတ္တာ ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ကျောက်မှော် ကျေးရွာအုပ်စု၊ အောက်ချောင်းကျေးရွာ ဘက်စုံအဆင့်မြင့်နည်း ပညာသုံးစံပြစိုက်ကွင်းရှိ ကွင်းအမှတ်(၅၈၁-က) ဦးပိုင်(၁၆)တောင် သူဦးထွန်းလင်း၏ လယ်မြေတွင် ဆင်းသုခစပါးမျိုးအားအထွက်နှုန်း တင်း (၁၀၀)ထွက်ရှိအောင် မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် သိပ္ပံနည်းကျစပါးစိုက် ပျိုးခြင်းအားဆောင်ရွက်ခဲ့သည်။
လပွတ္တာမြို့နယ်တွင် မိုးကောင်းသောက်ဧကစုစုပေါင်း (၃၃၇၈၀၇) ဧက စိုက်ပျိုးရန်ရည်မှန်း ထားခဲ့ရာ ယနေ့အချိန်ထိ ဧက (၃၃၇၈၀၉) ဧက ပြည့်မှီအောင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင်မိုးရွာသွန်းမှု သမမျှတပြီး ရာသီဥတုကောင်းမွန်သောကြောင့် မိုးစပါးစိုက်ဧက (၃၃၇၈၀၉) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး လျာထားချက်ထက်ပြည့်မှီကျော်လွန်အောင် စိုက်ပျိုးနိုင်ခဲ့ကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးမှုး ဦးမျိုးအောင်၏ ပြောပြချက်အရသိရသည်။
ယောဧရာ