သတင်းများ

ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ လျော့နည်းလာပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၂၂ ဦးရှိလာ
Aug 30,2021
​​​​​​​ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ကုတင် ၂၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက် ဆေးကုသမှုခံယူနေသူများအနက် ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၂၂ ဦး ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရှိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်
Aug 30,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယ ညွန်ကြားရေးမှူး ဦးဆန်းအောင် ဦးဆောင်ကြီးကြပ်၍ မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန် ဦးစီးသော ပူးပေါင်း အဖွဲ့ သည် ဩဂုတ် ၂၈ ရက်နေ့တွင် ပန်းခင်းစီမံချက်ဖြင့် ငါးခူရကျေးရွာနှင့် ကြိမ်ချောင်း ကျေးရွာများရှိ ပြည်သူများ သို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ မြေပြင်ကွင်းဆင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှု့ကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်တစ်လုံးအား ထောက်ပံ့မှု ပေးအပ်
Aug 30,2021
လပွတ္တာ ခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပျားမွတ်လျော်ချောင်း ကျေးရွာအုပ်စု၊ ပန်းခ ကျေးရွာတွင် ယမန်နေ့က ဖြစ်ပွားခဲ့သော မိုသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်တစ်လုံး ၊အိမ်ထောင်စုတစ်စုအား ကယ်ဆယ် ရေးပစ္စည်းနှင့် ငွေသားပေးအပ်ခြင်းကို ယနေ့နံနက် ၁၁:၃၀ နာရီအချိန်က မြို့နယ် ဘေးအန္တာရယ်ဆိုင်ရာ စီမံခန့်ခွဲမှု့ဦးစီးဌာန ရုံးခန်းမတွင် ဆောင်ရွက်ကြောင်း သိရှိရသည်။
ကျေးရွာနေ ပြည်သူများထံ အရောက်သွားပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးပေး
Aug 30,2021
ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါဆက်လက်ကူးစက်ပျံ့နှံမှုများ လျော့နည်းပပျောက်လာစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ ယန်းကောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေ တိုင်းရင်းသားပြည်သူများထံသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မုံရွာမြို့ ချင်းတွင်းမြစ်ရေတက်နေ၍ ရေကင်းတာဝန်များ ချထားဆောင်ရွက်လျက်ရှိ
Aug 30,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေအမှတ်သည် သြဂုတ်လ ၂၉ ရက်နေ့ နံနက် (၆)အချိန် တိုင်းထွာချက်အရ (၉၆၃)စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်သည့်အပြင် မိုးတွင်းကာလ ချင်းတွင်းမြစ်ရေတက်ချိန် ဖြစ်သဖြင့် ရေဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်  ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်ပါဝင်သောအဖွဲ့အား ယနေ့နံနက်(၉)နာရီမှ စတင်ပြီး ချင်းတွင်းမြစ် တာရိုးတလျှောက် ရေကင်း(၂၄)ကင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်းများအားကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Aug 30,2021
ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်းများအား ယနေ့နံနက် ၉ နာရီကစတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ကျောက်တန်းမြို့ အမှတ်(၁)အခြေပညာအထက်တန်းကျောင်း၊ တံတားမြို့တိုက်နယ်ဆေးရုံ၊ မီးပြကျေးရွာကျေးလက်ကျန်းမာရေးဌာနနှင့် ကမာကလုတ် ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတို့တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့တွင် အောက်ဆီဂျက်စက်ရုံတည်ဆောက်ရန် ပန္နက်တင်မင်္ဂပြုလုပ်
Aug 30,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် စေတနာရှင် အလှူရှင်များနှင့် မေတ္တာမွန်လူမှုကူညီမှု အသင်းတို့ပူးပေါင်း၍ အမှတ်(၇)ရပ်ကွက်အတွင်းရှိ အောက်ဆီဂျင် စင်ရုံတည်ဆောက်မည့်မြေနေရာ၌ ယနေ့ နံနက် ၉ နာရီကပန္နက်တင်မင်္ဂလာပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေး
Aug 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌  မွေးကင်းစအရွယ်မှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင်  ​ယနေ့နံနက် ၉ နာရီမှ ၁၂နာရီအချိန်အထိ  ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။