မေတ္တာမြို့ဟိန္ဒါးကျေးရွာတွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးလျက်ရှိ

မေတ္တာ ဩဂုတ် ၃၀

 တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ဟိန္ဒါးကျေးရွာ၊ ကျေးလက်ကျန်းမာရေး   ဆေးခန်းတွင် နေမကောင်းဖြစ်၍ ဆေးခန်းလာပြသောလူနာများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်းကို ဩဂုတ်လ(၅)ရက်နေ့မှစတင်၍ အဆိုပါ ဆေးခန်းတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဟိန္ဒါးလူမှုပရဟိ တဂရုဏာအသင်းက ဦးဆောင်ပြီးကျေးရွာရှိ ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းပါဝင်၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့်  နှာခေါင်းတို့ပတ် နမူနာယူစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိစစ်ဆေးခြင်းကို ဩဂုတ်လ(၅)ရက်နေ့မှ စတင်၍စစ်ဆေးပေးခဲ့ရာ ယနေ့ အထိ စစ်ဆေးပေးသောလူနာပေါင်း (၁၆၉)ဦးတွင် ရောဂါအတည်ပြုလူနာပေါင်း(၇၈)ဦး ရှိကြောင်း ဟိန္ဒါးလူမှုပရဟိတဂရုဏာ အသင်းမှတာဝန်ရှိသူ ဦးအောင်နိုင်စိုးထံမှ သိရသည်။

နန်းခလိုက် (​မေ တ္တာ)