တီးတိန် ဩဂုတ် ၃၀
ချင်းပြည်နယ်တီးတိန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယနေ့နံနက် ၉နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် ဩဂုတ်၂ရက်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ပြီးသူ အသက်၆၅နှစ်အထက် ပုဂ္ဂိုလ်များ၊ ဝန်ထမ်းများနှင့် မိသားစုများ၊ ဘာသာရေးအသင်းဆရာတော်များနှင့် အချုပ်သားများ (၂၀၀)ဦးအား ကျန်းမာရေးဝန်ထမ်းများ ကာကွယ်ဆေးထိုးပေးကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ဒိုင်းဒိမ့်