လွိုင်လင်မြို့၌ ရဲတပ်ဖွဲ့ဝင်( အိမ်ထောင်သည်) များအားစားရိက္ခာများထောက်ပံ့

လွိုင်လင်    ဩဂုတ် ၃၀

ရှမ်းပြည်နယ်( တောင်ပိုင်း) လွိုင်လင်မြို့ရှိ ခရိုင်/ မြို့နယ် အိမ်ထောင်သည်ရဲတပ်ဖွဲ့ဝင်မိသားစုများအား စားရိက္ခာထောက်ပံ့ခြင်းကို ယနေ့နံနက် (၇) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရိပ်သာ (၁) တွင်ပြုလုပ်ကြောင်းသိရသည်။

ထိုကဲ့သို့စားရိက္ခာများထောက်ပံ့ရာတွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ပြည်နယ်ရဲမှူးချုပ် တင်ကိုကိုမှထောက်ပံ့ပေးအပ်ရာ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးမြင့်စိုးနှင့်ဇနီးတို့က လက်ခံရယူ ကြပါသည်။ ထို့နောက် ပြည်နယ်ရဲမှူးချုပ်က တပ်ဖွဲ့ဝင်များ အိမ်ထောင်သည်များကို အားပေးစကား ပြောကြားခဲ့ကြောင်းသိရသည်။