ပင်လောင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် သားသတ်လုပ်ငန်းနှင့် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းနှင့် လေလံရောင်းချခြင်း အခမ်းအနားပြုလုပ်

ပင်လောင်း  ဩဂုတ်   ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်စည်ပင် သာယာရေးဌာနမှ  ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၆ လတာအတွက် သားသတ်လုပ်ငန်းနှင့်အရပ်ရပ် အခွင့်အရေးလုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းနှင့် လေလံရောင်းချခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်က မြို့နယ်စည်ပင်သာယာရေးဌာနခန်းမတွင် ပြုလုပ်သည်။  

၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၆ လတာအတွက် ပင်လောင်းမြို့မဈေးကောက်၊ မြို့မဈေး အိမ်သာခကောက်၊ နောင်တရား ကျွဲနွားပွဲဈေးကောက်၊ ဆောင်းပြောင်းကျေးလက်ဈေးကောက် လုပ်ငန်းများကို လုပ်ငန်းလိုင်စင် သက်တမ်းတိုးပေးခြင်းနှင့် နောင်တရားဈေးကောက်၊ တီကျစ် ဈေးကောက်ကို လေလံစနစ်ဖြင့် လုပ်ငန်းရောင်းချပေးခြင်း၊ ပြုပြင် သုံးစွဲမရသော စည်ပင် သာယာရေးဌာနပိုင် ယာဉ်၊ စက်၊ ယန္တရားများဖြစ်သည့် ယာမဟာ DT မော်တော်ဆိုင်ကယ်၊ တိုယိုတာလိုက်အေ့စ်၊ ဖန်ယန်တစ်ပါ၊ ထော်လဂျီ(တစ်ပါ) မော်တော်ယာဉ်များအား လေလံစနစ်ဖြင့် ရောင်ချခြင်းများကို ဆောင်ရွက်ခဲ့သည်။

အခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ မြို့နယ်စည်ပင် သာယာရေးဌာန အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ လိုင်စင် လုပ်ငန်းရှင် ပြည်သူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ပြုလုပ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)