စစ်တွေမြို့နယ်အတွင်းရှိ IDPs စခန်းများမှ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

စစ်တွေ   ဩဂုတ် ၃၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ IDPs  စခန်းများတွင် ခိုလှုံနေကြသည့် အသက်(၄၅)နှစ် နှင့်အထက် ပြည်သူများအား သဲချောင်းကျေးရွာရှိ ဘက်စုံသုံးမုန်တိုင်းဒဏ်ခံ အဆောက် အဦ၌ Sinovac ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။

 

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများနှင့် စစ်တွေတပ်နယ်မှ ဆေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံ ပေးကြခြင်းဖြစ်ကာ ဆေးထိုးနှံပြီး နောက်တွင်လည်း မိနစ် ၃၀ အကြာစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြု ကြောင်း သိရသည်။

 

သဲချောင်းကျေးရွာရှိ ဘက်စုံသုံးမုန်တိုင်းဒဏ်ခံအဆောက်အဦတွင် အမျိုးသားနှင့် အမျိုးသမီးများကို သီးသန့်ခွဲပြီး အမျိုးသား များကို အဆောက်အဦအပေါ်ထပ်နေရာတွင်လည်းကောင်း၊ အမျိုးသမီးများအား ဒုတိယထပ်နေရာတို့တွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးမှုနှင့် စပ်လျဉ်း၍ သဲချောင်း IDPs  စခန်းတာဝန်ခံ ဦးမောင်မောင်စိန်က “ကျွန်တော်တို့ သဲချောင်းစခန်းမှာ ယမန်နေ့ ဩဂုတ်လ ၃၀ က စတင်ပြီး IDPs စခန်းအတွင်းက လူဦးရေ ၃၀၀ ကို ထိုးနှံပေးနိုင်ခဲ့ပါတယ်၊ ဒီနေ့လည်း ဆက်လက်ထိုးနှံပေးနေပါတယ်၊ ဒီနေ့ထိုးနှံပေးတဲ့ စာရင်းတော့ မသိရသေးဘူးပေါ့ ၂၀၀ ကျော် ၃၀၀ လောက်တော့ ထပ်ပြီးထိုးနိုင်မယ်လို့ထင်ပါတယ်၊ ကျွန်တော်တို့ ဒီသဲချောင်း IDPs စခန်းမှာရှိတဲ့ အသက် ၄၅ နှစ်နှင့်အထက်ပြည်သူအားလုံးကို ထိုးပေးမယ်လို့ ကြားသိရပါတယ်၊ ကျွန်တော်ကတော့ ကာကွယ်ဆေးကို ၄ လပိုင်းကတည်းက ထိုးပြီးပါပြီ၊ ကာကွယ်ဆေးထိုး ခြင်းအားဖြင့် ကျွန်တော်တို့ တကယ့်လို့များ ရောဂါကူးစက်ခံရရင်တောင် အသက်အန္တရာယ်မရှိဘူး လို့သိရပါတယ်၊ အဲ့ဒါနဲ့ ကာကွယ်ဆေးထိုးထားရင် အများကြီးအကျိုး ကျေးဇူးရှိတဲ့အကြောင်း ကြားသိရတဲ့အတွက် ကျွန်တော်တို့ စခန်းမှာနေထိုင် သူတွေကို ကာကွယ်ဆေးထိုးကြဖို့ နိုးဆော်တိုက်တွန်း ပြောကြားထားပါတယ်၊  ဒီကာကွယ်ဆေးတွေကို ကျွန်တော်တို့ စခန်းတွေ ထိလာပြီးတော့ ထိုးနှံပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ တပ်မတော်က ဆေးဝန်ထမ်းတွေနဲ့ ကာကွယ်ဆေးထိုးနှံနိုင်ဖို့ စီစဉ်ပေးတဲ့ နိုင်ငံတော်အစိုးရကိုလည်း အထူးပင်ကျေးဇူးတင်ရှိ ကြောင်းပြောကြားလိုပါတယ်”ဟုပြောသည်။

 

သဲချောင်း IDPs  စခန်းတွင်နေထိုင်သူ ဦးအဒူဆလင်ကလည်း “ဒီကိုဗစ် ကာကွယ်ဆေးကို ထိုးထားခြင်း အားဖြင့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်တယ်လို့ ကျွန်တော်တို့ သိရပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ ဒီနေ့လာရောက်ပြီးတော့ ကာကွယ်ဆေးထိုးတာ ဖြစ်ပါတယ်၊ နောက်ပြီးတော့ ဒီဆေးကို ထိုးထားတဲ့အတွက် ရောဂါကူးစက်လာရင်လည်း သေဆုံးနိုင်နည်း ပါးနိုင်ပါးတယ်၊ ကာကွယ်နိုင်တယ်လို့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေက ပြောပြထား တဲ့အတွက် ဆေးထိုးဖို့လာ တာလည်းဖြစ် ပါတယ်၊ ဒီဆေးဟာ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်တဲ့အတွက် ကျွန်းတော်တို့ IDPs စခန်းမှာရှိတဲ့ လူတွေအား လုံး လာရောက် ထိုးနှံကြဖို့ တိုက်တွန်းပါတယ်၊ ဆေးထိုးပေးတဲ့ တာဝန်ရှိတဲ့လူတွေကိုလည်း ကျေးဇူးတင် ပါတယ်” ဟုပြောသည်။

 

အလားတူ စစ်တွေမြို့၊ သဲချောင်းကျေးရွာရှိ ဘက်စုံသုံးမုန်တိုင်းဒဏ်ခံအဆောက်အဦးတွင် သဲချောင်းကျေးရွာနေ ပြည်သူများကို ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ သဲချောင်း IDPs  စခန်းမှ ဆေးလာရောက်ထိုးနှံသည့် ဒေါ်ခိုင်ခင်ဦးကပြော ကြားရာတွင် “ကျွန်မတို့ကလည်း ဒီကာဆေးထိုးထားတဲ့အတွက် ရောဂါကို ကာကွယ်နိုင်တယ်လို့သိထားရပါတယ်၊ ဒါကြောင့် ဒီဆေးကို လာရောက်ပြီးထိုးနှံတာပါ၊ ဒီကာကွယ်ဆေးကိုထိုးထားတဲ့အတွက် သေဆုံးမှုလည်း မရှိဘူးလို့သိရပါတယ်၊ ဒါကြောင့် စခန်းမှာနေထိုင်ကြတဲ့ လူတွေလည်းလာရောက် ထိုးနှံကြဖို့ ပြောကြား လိုပါတယ်၊ ဒီဆေးကိုလာရောက်ထိုးပေးကြတဲ့ ဆရာဝန်တွေနဲ့ တာဝန်ရှိတဲ့လူကြီး တွေကိုလည်း ကျေးဇူးတင် ပါတယ်”ဟုပြောကြားသည်။

 

စစ်တွေမြို့နယ်အတွင်းရှိ IDPs  စခန်းများမှ အသက်(၄၅)နှစ် နှင့်အထက် ပြည်သူများအား သက္ကယ်ပြင်ကျေးရွာ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းနှင့် သက္ကယ်ပြင် IDPs  စခန်းများ ၌ Sinovac ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဩဂုတ်လ ၂၈ မှ စတင်ပြီး ထိုးနှံပေး လျက်ရှိသည်။

 

ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသော သက်ကြီးရွယ်အိုများအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ IDPs  စခန်းတာဝန်ခံနှင့် တာဝန်ရှိသူများက  လိုအပ် သောကိစ္စများကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများနှင့်IDPs စခန်းများမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး နှံနိုင်ရန်အတွက် Sinovac ကာကွယ်ဆေးအလုံးရေ ၅၀၀၀၀ ကို ပြည်ထောင်စု အစိုးရအဖွဲ့မှ သီးသန့်ခွဲဝေချပေး ထားပြီးဖြစ်ကြောင်းသိရသည်။

 

တင်ထွန်း