မင်းပြားမြို့၌ COVID-19 ရောဂါကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေး အသိပညာ ပေးလက်ကမ်းစာစောင်နှင့် Mask များကို ရဟန်း၊သံဃာ၊ သီလရှင်၊ ပြည်သူများအား ဖြန့်ဝေ

မင်းပြား ဩဂုတ် ၃၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် ယခုလက်ရှိဖြစ်ပွားနေသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါကြိုတင်ကာကွယ်တားဆီးနိုင်ရေးနှင့် ကူးစက်မှု မရှိစေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များကို ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံးနှင့် ရာမောင်ခန်းမ၌ (Mask)များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုသို့ (Mask) များဖြန့်ဝေရာတွင် မင်းပြားမြို့နယ်  COVID-19 ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးစိုးမိုး၏ စီစဉ်လမ်းညွန်ဆောင်ရွက်မှုဖြင့် မင်းပြားမြို့နယ်အတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံးနှင့် ရာမောင်ခန်းမ တို့တွင် COVID-19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွန်ချက်များအား ပြည်သူများအသိစိတ်ကိုယ်စီဖြင့် သိရှိ လိုက်နာစေရန် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း နှာခေါင်းစည်း (Mask) မပါရှိသူများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေခြင်းအား မြို့နယ် COVID-19 အသိပညာပေး ရေးနှင့်  သတင်းစုဆောင်း ထုတ်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ရွှေဇံဦးဆောင်ကာ မင်းပြားမြို့ နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်သာသနာရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်သောအဖွဲ့မှ COVID-19 ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များကို ရဟန်း၊ သံဃာ၊ သီလရှင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသက်(၆၅)နှစ် အထက်သက်ကြီးရွယ်အိုများ၊ ပြည်သူများကို အပြင်ထွက်လျှင်ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်သွားလာကြရန်နှင့် နှာခေါင်းစည်း (Mask) မပါရှိသူများအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သိန်းနုအောင်