ကျောက်တလုံးကြီး ဩဂုတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် အသက်(၆၅)နှစ်နှင့် အထက်သံဃာတော်များ၊ သီလရှင်များ၊ သက်ကြီးဘိုးဘွားများကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ထိုးပေးခြင်း လုပ်ငန်းများကို ယနေ့နံနက်၉နာရီအချိန်မှစ၍ ကျောက်တလုံးကြီးမြို့အောင် ဓမ္မ စေတီ ဘုရားကုန်း၌ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေးများ ထိုးနှံ ခြင်းမပြုမီ၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း တို့ကို ဆောင်ရွက်ပေးကာ ပုံမှန်အနေအထားရှိမှသာ ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ဒေသခံကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအဆင့်ဆင့်ကို ကျောက်တလုံး ကြီးမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းနှင့် ရပ်ကျေးစာရေး ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များပူးပေါင်းကူညီ ပါဝင်ဆောင်ရွက်ပေး ကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ရေးဆေး ထိုးနှံရာတွင် ကျောက်တလုံးကြီးမြို့ပေါ် ဒုံအုံးရပ်ကွက်၊ နောင်လုံရပ်ကွက်၊ ထီလုံရပ်ကွက်၊ လင်းနားရပ်ကွက်၊ ကောင်ဝိန်းရပ်ကွက်၊ တပူရွေးရပ်ကွက်နှင့် ကျေးရွာအုပ်စုများဖြစ်သော ကက္ကူကျေးရွာအုပ်စု၊ နောင်ခဲကျေးရွာအုပ်စု၊ ပင်တွန်ကျေးရွာအုပ်စုတို့မှ အသက်(၆၅)နှစ်နှင့်အထက်သံဃာတော်များ၊ သီလရှင်များ၊ သက်ကြီးဘိုးဘွားများ တို့ကိုကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်တလုံးကြီး (ပြန်/ဆက်)