သာယာဝတီ စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဗဟိုအကျဉ်းထောင်အတွင်းရှိ ဓမ္မာရုံ၌ ယမန်နေ့ နံနက် ၉ နာရီက ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ယင်းသို့ ကာကွယ်ဆေးထိုးနှံရာတွင် အကျဉ်းသား(၂၉၉)ဦး၊ အကျဉ်းသူ(၄၉)ဦး၊ အချုပ်သား (၂၂၅)ဦး၊ အချုပ်သူ(၁၂)ဦး စုစုပေါင်း(၅၈၅)ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
သန့်ဇော်