သတင်းများ

တုံတာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ်ထိုးနှံ
Aug 31,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက်(၆၅)နှစ်အထက်ဘိုးဘွားများနှင့် ပြည်သူများ အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ကို တုံတာမြို့ ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက်၉နာရီ အချိန်က ဒုတိယအကြိမ်ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ဥတ္တရသီရိမြို့နယ် ရွှေသဇင်ဈေးရှိ ဈေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေး
Aug 31,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေသဇင်ဈေးအတွင်းရှိ ဈေးရောင်းချသူ များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်းကို ယနေ့နံနက် (၉)နာရီမှ မွန်းလွဲပိုင်းအထိ အဆိုပါဈေးတွင် ဆောင်ရွက်ခဲ့သည်။
မိုးနဲမြို့တွင် ကိုဗစ်−၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးသူများအား ဒုတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိ
Aug 31,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ်တွင် မြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံထုတ် ကိုဗစ်− ၁၉ ကာကွယ်ဆေး (SINOPHARM) ပထမအကြိမ်ထိုးပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို မိုးနဲမြို့နယ် ကမ္ဘောဇခန်းမ  ၌ ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 31,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသည့် ဆရာတော် သံဃာတော်များ၊ သီလရှင်များ၊ အသက် (၆၅) နှစ်နှင့်အထက်သက်ကြီး ဘိုးဘွာများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီတွင် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားသည့် နိုင်ငံသားစိစစ်ရေးကတ် ပြားများနှင့် အိမ်ထောင်စုစာရင်းများပေးအပ်
Aug 31,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ရုံးမှ ဝန်ထမ်းများက “ပန်းခင်းစီမံချက်”ဖြင့် ဆောင်ရွက်ထားရှိသည့်  နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့်အိမ်ထောင်စုစာရင်းများပေးအပ်ပွဲကို ယနေ့၊ နေ့လယ်(၁၂)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မြစ်ကြီးနားမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ
Aug 31,2021
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ်အတွင်းရှိ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ် -၁၉ ကာကွယ် ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီမှစတင်၍ မြစ်ကြီးနား မြို့နယ် အ-ထ-က (၉) ကျောင်းနှင့် အ-ထ-က (၄) ကျောင်းတို့တွင် ထိုးနှံပေးလျက်ရှိသည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျေးရွာ(၂၃၄)ရွာသို့ Mask      Campaign ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်
Aug 31,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး အတွက် Mask Campaign   ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် သြဂုတ်(၂၅)ရက်မှ (၃၁)ရက်နေ့အထိ နှာခေါင်းစည်း Mask များကို မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ အဖွဲ့(၆)ဖွဲ့ခွဲပြီး ကျေးရွာအုပ်စု    (၇၃)အုပ်စုကျေးရွာပေါင်း (၂၃၄)ရွာရှိ အိမ်ထောင်စုများလက်ဝယ်အရောက် နှာခေါင်းစည်း Mask များကို  အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်တွင် အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိ
Aug 31,2021
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံကွန်ပြူတာသင်တန်းအား ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းတွင် သင်တန်းသား  (၇)ဦးနှင့်သင်တန်းသူ(၈)ဦး စုစုပေါင်း (၁၅)ဦး တက်ရောက်သင်ကြားနေကြောင်း သိရသည်။