သတင်းများ

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး PPE ဝတ်စုံ  နှင့်ဆက်စပ်ပစ္စည်းများလှူဒါန်း
Aug 31,2021
ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကုသရေးနှင့် အရေးပေါ် လုပ်ငန်းများတွင် တက်ကြွစွာ ဘော်လံတီယာလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် မြို့၏အမာခံ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရွှေအဏ္ဏဝါ ပရဟိတအဖွဲ့ဝင်များအား မြို့မိမြို့ဖစေတနာရှင် မိသားစုက ယမန်နေ့မွန်းလွဲပိုင်းက PPE level 2 ဝတ်စုံ နှင့်ဆက်စပ်ပစ္စည်းများ ပေးအပ် လှူဒန်းခဲ့ကြောင်းသိရသည်။
တာချီလိတ်မြို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထပ်မံထိုးနှံပေး
Aug 31,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ဇူလိုင်လက ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ထိုးနှံပြီးသူများအား ယမန်နေ့က ဒုတိယအကြိမ်အဖြစ်  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
သရက်မြို့ရှိ မြတ်ပါရမီလူမှုကူညီ‌ရေးအသင်းသို့ ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဆွမ်းဆန်(၁၀)အိတ် လှူဒါန်း
Aug 31,2021
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ မြတ်ပါရမီ ပရဟိတလူမှုကူညီရေးအသင်းသို့ ခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဆွမ်းဆန် (၁၀)အိတ်ကို အုတ်ဖိုတိုက်ကျောင်းတွင် ဩဂုတ် ၃၀ ရက် ညနေ (၅) နာရီက လှူဒါန်းခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့တွင် အောက်ဆီဂျက်စက်ရုံတည်ဆောက်ရန် ပန္နက်တင် မင်္ဂလာ ပြုလုပ်
Aug 31,2021
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ သဲကုန်းမြို့တွင် စေတနာရှင် အလှူရှင်များနှင့် မြို့နယ်အောက်ဆီဂျင်စက်ဖြစ်မြောက်ရေးကော်မတီတို့ပူးပေါင်း၍ သဲကုန်းမြို့ပြည်သူ့ဆေးရုံ အတွင်းရှိ အောက်ဆီဂျင်စက်ရုံတည်ဆောက်မည့်မြေနေရာ၌ ယနေ့ နံနက် ၈ နာရီ ၁၀ မိနစ်အချိန်က ပန္နက်တင် မင်္ဂလာပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် စက်မှုကုန်ကြမ်းသီးနှံ ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေးနှင့် အထွက်နှုန်းတိုးတက်ရေး ပညာပေးသင်တန်းဖွင့်
Aug 31,2021
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ စက်မှုကုန်ကြမ်းသီးနှံ ဝါသီးနှံ တိုးချဲ့စိုက်ပျိုး ရေးနှင့်အထွက်နှုန်းတိုးတက်ရေး ပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ(၂)ဦး ထပ်မံတွေ့ရှိပြီး၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း(၄၈၀)ဦး ရှိပြီဖြစ်
Aug 31,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပိုးတွေ့ရှိခဲ့သည့် လူနာများနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ်ပြီး မောင်တောပြည်သူ့ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား ယမန်နေ့တွင် Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက်မှ(၂)ဦးမှာ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Aug 31,2021
သံတွဲခရိုင်၊ သံတွဲမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံမည့် ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့  နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ထိ ဒွါရာဝတီမြို့နယ်ခန်မ၌ လူမျိုး မရွေး ဘာသာမရွေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျိုင်းတောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 31,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့်  ဦးစာပေးအဆင့်အလိုက်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့နံနက် (၉)နာရီ အချိန်ခန့်တွင် တုန်ဟုန်းဘုန်းကြီးကျောင်းရှိ ဓမ္မာရုံတွင် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။